Pages

Saturday, August 10, 2013

အိန္ဒိယ နိုင်ငံ၏ ပထမဆုံး ပြည်တွင်းလုပ် လေယာဉ်တင် သင်္ဘော Vikrant ရေချပွဲ ကျင်းပမည်

Photo: အိန္ဒိယ နိုင်ငံ၏ ပထမဆုံး ပြည်တွင်းလုပ် လေယာဉ်တင် သင်္ဘော 
Vikrant ရေချပွဲ ကျင်းပမည်
Saturday, August 10, 2013

အိန္ဒိယ ရေတပ်၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘော Vikrant အား 
ရေချခြင်း အခမ်းအနားကို သြဂုတ် ၁၂ ရက် နံနက် ၁၁ နာရီခန့်တွင် ကိုချင်သင်္ဘော 
ကျင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
၎င်းအခမ်းအနားကို ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ၊  ရေကြောင်း 
ပို့ဆောင်ရေးဝန်ကြီး ဂျီကေဗာဆန်နှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး 
ဒီကေဂျိုရှီတို့ တက်ရောက် မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောကို သုံးနှစ်နီးပါး တည်ဆောက်ခဲ့ပြီးနောက် 
ကနဦးလုပ်ငန်း ပြီးစီးချိန်တွင် ပထမ အကြိမ် ရေချခြင်း အခမ်းအနား 
ပြုလုပ်ခြင်းဖြစ်ပြီး သင်္ဘော ကိုယ်ထည် တည်ဆောက်ခြင်းအား ၂ဝ၁၄ ခုနှစ် 
ဇွန်လတွင် အပြီးသတ်နိုင်ရန မျှော်မှန်းထားကြောင်း သိရသည်။

၎င်းလေယာဉ်တင် သင်္ဘောတွင် လက်နက်များ တပ်ဆင်ရန်နှင့် လုပ်ငန်းတာဝန် 
ထမ်းဆောင်နိုင်မှု အခြေအနေ စမ်းသပ်စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။ 
အဆိုပါ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများနှင့် လက်နက် တပ်ဆင်ခြင်း 
လုပ်ငန်းများကို ၂ဝ၁၆ ခုနှစ်တွင် အပြီးသတ် တပ်ဆင်၍ ပင်လယ်ပြင် စမ်းသပ် 
မောင်းနှင်မှု ၂ နှစ်ခန့် ပြုလုပ်ပြီး ၂ဝ၁၈ ခုနှစ်တွင် အိန္ဒိယ ရေတပ်သို့ 
လွှဲပြောင်းပေးရန် မျှော်မှန်းထားကြောင်း သိရသည်။ ၄င်းသင်္ဘောသည် အလျား ၂၆ဝ 
မီတာ၊ အနံ ၆ဝ မီတာရှိပြီး တစ်နာရီရေ မိုင် ၂၈ မိုင်ခန့် ခုတ်မောင်း 
နိုင်မည်ဖြစ်သည်။ ၄င်းအပြင် လေယာဉ် ၂၅ စင်း သယ်ဆောင်နိုင်ပြီး 
ပြေးလမ်းနှစ်ခုနှင့် ဆင်းလမ်းတစ်ခု ပါရှိကြောင်း သိရသည်။

မြ၀တီ
အိန္ဒိယ ရေတပ်၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘော Vikrant အား ရေချခြင်း အခမ်းအနားကို သြဂုတ် ၁၂ ရက် နံနက် ၁၁ နာရီခန့်တွင် ကိုချင်သင်္ဘော ကျင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
၎င်းအခမ်းအနားကို ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ၊ ရေကြောင်း ပို့ဆောင်ရေးဝန်ကြီး ဂျီကေဗာဆန်နှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီကေဂျိုရှီတို့ တက်ရောက် မည် ဖြစ်ကြောင်း သိရသည်။အဆိုပါ လေယာဉ်တင် သင်္ဘောကို သုံးနှစ်နီးပါး တည်ဆောက်ခဲ့ပြီးနောက် ကနဦးလုပ်ငန်း ပြီးစီးချိန်တွင် ပထမ အကြိမ် ရေချခြင်း အခမ်းအနား ပြုလုပ်ခြင်းဖြစ်ပြီး သင်္ဘော ကိုယ်ထည် တည်ဆောက်ခြင်းအား ၂ဝ၁၄ ခုနှစ် ဇွန်လတွင် အပြီးသတ်နိုင်ရန မျှော်မှန်းထားကြောင်း သိရသည်။

၎င်းလေယာဉ်တင် သင်္ဘောတွင် လက်နက်များ တပ်ဆင်ရန်နှင့် လုပ်ငန်းတာဝန် ထမ်းဆောင်နိုင်မှု အခြေအနေ စမ်းသပ်စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများနှင့် လက်နက် တပ်ဆင်ခြင်း လုပ်ငန်းများကို ၂ဝ၁၆ ခုနှစ်တွင် အပြီးသတ် တပ်ဆင်၍ ပင်လယ်ပြင် စမ်းသပ် မောင်းနှင်မှု ၂ နှစ်ခန့် ပြုလုပ်ပြီး ၂ဝ၁၈ ခုနှစ်တွင် အိန္ဒိယ ရေတပ်သို့ လွှဲပြောင်းပေးရန် မျှော်မှန်းထားကြောင်း သိရသည်။ ၄င်းသင်္ဘောသည် အလျား ၂၆ဝ မီတာ၊ အနံ ၆ဝ မီတာရှိပြီး တစ်နာရီရေ မိုင် ၂၈ မိုင်ခန့် ခုတ်မောင်း နိုင်မည်ဖြစ်သည်။ ၄င်းအပြင် လေယာဉ် ၂၅ စင်း သယ်ဆောင်နိုင်ပြီး ပြေးလမ်းနှစ်ခုနှင့် ဆင်းလမ်းတစ်ခု ပါရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...