Pages

Monday, September 16, 2013

တစ်ဦးတည်း လုပ်ဖို့မလွယ် လို့ ပြောတဲ့ ဒေါ်စု အကြမ်းဖက်မှု ရပ်တန့်အောင် တစ်စုံတစ်ခု လုပ်ဆောင်ခဲ့တာရော ရှိခဲ့ဖူးလား

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မွတ်စလင်ဘာသာဝင်များကို အကြမ်းဖက်မှုတွေ ရပ်တန့်ပပျောက်ရေးဟာ မိမိတစ်ဦးတည်း စွမ်းဆောင်ရွက်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက် သည်။ ပိုလန်နိုင်ငံရောက်နေစဉ် သတင်းထောက်တွေရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က ယခုလို ဖြေဆိုလိုက်တာ ပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုမှုကို မီဒီယာများက အကျယ် တဝင့် ဖော်ပြကြသည်။  ဒေါ်အောင်ဆန်း စုကြည်က ၎င်းအနေနဲ့ တစ်ဦးတည်းလုပ်ဖို့ မလွယ်ကြောင်း ပဲ ပြောခဲ့တာပါ။ အကြမ်းဖက်မှု ရပ်တန့်အောင် ဘယ် တုန်းက ဘယ်လိုလုပ်ခဲ့ဖူးတယ်လို့တော့ တစ်ခွန်းမှပြောမသွားနိုင်ပါဘူး။

ရခိုင်အရေး တစ်နှစ်ကျာ်ကြာခဲ့ပါပြီ။ မွတ်ဆလင်အကြမ်းဖက်မှုတွေ ရပ်အောင် မလုပ်နိုင် ဘူးပြောတဲ့ ဒေါ် အောင်ဆန်းစုကြည်ဟာ ယနေ့အချိန်ထိ အကြမ်းဖက်မှု ရပ်တန့်ရေးလုပ်ငန်း များမှာ ဝင်ရောက်လုပ်ဆောင်ခြင်း မျိုးလုံးဝမရှိသေးချေ။



 ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများဖြစ်ပွားချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဥရောပသို့ထွက်ခွာပြီး နိုဘယ်လ်ဆုယူခဲ့ပါတယ်။ မိတ္ထီလာတွင် ဗုဒ္ဒဘုန်းတော်ကြီး ဦးသောဘိတ အသတ်ခံရ ချိန်မှာလဲ ဒေါ်အောင်ဆန်း စုကြည် တစ်ခွန်းမှဝင်မပြောခဲ့ပါဘူး။ လားရှိးမြို့ မအေးဝင်း မီးရှို့ခံရချိန်နဲ့ ပဋိပက္ခဖြစ်ပွားချိန်မှာလဲ ဘာမှ မလုပ်ခဲ့သလိုဘာမှမပြောခဲ့ပါဘူး။ အခြား တိုက်ကြီး၊ ဇီးကုန်းနှင့် ထန်းကုန်းပဋိပက္ခအားလုံးတွင်ဒေါ်အောင်ဆန်း စုကြည် အနေဖြင့်သော်လည်းကောင်း၊ NLD ပါတီအနေဖြင့်သော်လည်းကောင်း အကြမ်းဖက်မှု ရပ်တန့်အောင် ပါဝင်လုပ်ကိုင်ခဲ့ဖူးခြင်းမရှိပေ။

တစ်ကြိမ်တစ်ခါမှ ပါဝင်လုပ်ကိုင်ခြင်းမရှိဘဲ ပါစပ်ကနေ မိမိတစ်ယောက်တည်း လုပ်ဆောင်ရန် မလွယ် ဟု ပြောဆိုမှုသည့် အလွန်လွယ်ကူသော ပြောဆိုမှုဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တစ်ဦးမှ ယခုကဲ့သို့ ပြုမူပြောဆိုခြင်းမှာ ရှက်ဖို့ကောင်းလှသည်။
 

ရခိုင်အရေး စဖြစ်ချိန်တွင် လူနည်းစု မွတ်ဆလင်များကို လူများစု ဗုဒ္ဓဘာသာများက အနိုင်မကျင့်ရန် အသံ တစ်ကြိမ်ထွက်ခဲ့ဖူးသည်။ အန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဗုဒ္ဒဘာသာမြန်မာများအား မွတ်ဆလင် များကအနိုင်ကျင့်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်တစ်ခွန်းမှမပြောခဲ့ပေ။ အလားတူ မလေးရှားတွင် မွတ်ဆလင် များမှ မြန်မာများကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ချိန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ပါးစပ်ပိတ်နေ ခဲ့သည်။
ဤကဲ့သို့ ကိုယ်တိုင်ပါဝ င်လုပ်ဆောင်လေ့ မရှိပဲ လူကြားကောင်းရုံပြောဆိုနေမှုများအား နားရေဝလာ သော မြန်မာလူထုမှာ လက်မခံကြတော့ပေ။ အထူးသဖြင့် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်၊ မိတ္ထီလာနှင့် လားရှိုးဒေသခံများ သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား စက်ဆုတ်ရွံရှာလျှက်ရှိပြီး အလိုမရှိကြောင်း ပြသခဲ့ကြသည်။ အကြမ်းဖက်မှုများကို တစ်ယောက်တည်းရပ်တန့်အောင်မလုပ်နိုင်ဟု ပြောသည့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကြီးအား အကြမ်းဖက်ခံဒေသခံများက ခါးခါးသီးသီးမုန်းတီးနေသည်ကိုကြည့်၍ ဒေါ်အောင်ဆန်း စုကြည်၏ အရည်အချင်းကို ခန့်မှန်းသုံးသပ်နိုင်ပေသည်။


From:MEG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...