၂၀၀၈ခုနှစ်တွင်ရေးဆွဲခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြည်သူလူထုတစ်ရပ်လုံး၏ထောက်ခံမှုမပါဝင်သောကြောင့်ပြင်ဆင်ရေးဆွဲရေး၊လွှတ်တော်ပြင်ပဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးဟူသောသတင်းများမှာယခုရက်ပိုင်းတွင်လူစိတ်ဝင်စားမှုအများဆုံးဖြစ်လာပါသည်။ပြည်သူအများစုသိထားသည်မှာ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ၂၀၁၁ခုနှစ်မတ်လ၃၀ရက်နေ့တွင်ဒီမိုကရေစီနိုင်ငံတော်အဖြစ်သမိုင်းစာမျက်နှာသစ်
ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
၂၀၁၃ ခုနှစ်စက်တင်ဘာလထဲသို့
ရောက်ရှိလာသောဒီမိုကရေစီနိုင်ငံတော်၏သက်တမ်းသည်၂ နှစ်ခွဲကျော် ကာလသို့
ကူးပြောင်းခဲ့ပြီဖြစ်ရာ ပြည်သူလူထုကို ဗဟိုပြုသော အုပ်ချုပ်ရေးစနစ်အဖြစ်
အထိုက်အလျောက် ကြိုးစားဆောင် ရွက်နိုင်ခဲ့သည်ဟု နိုင်ငံသားတစ်ဦးအနေဖြင့်
ရိုးသားစွာ အသိအမှတ်ပြုမိပါ သည်။
ကျန်ရှိနေသောဒီမိုကရေစီသက်တမ်းကာလ၂၀၁၅ မတိုင်မီကြားကာလ၌ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး တွေ့ဆုံဆွေးနွေးကြ၊
လွှတ်တော်ပြင်ပဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲရေးအကြိုညှိနှိုင်း
တွေ့ဆုံကြဖြင့် လှုပ်လှုပ်ရှားရှားဖြစ်လာသည်ကို တွေ့မြင်ကြားသိနေရ၏။
ပြည်သူလူထုကို ဗဟိုပြု အုပ်ချုပ်သော ဒီမိုကရေစီစနစ်ဖြစ်သည့်အားလျော်စွာ
ပြည်သူသိအောင် ပြည်သူထောက်ခံမှုရရှိအောင် ပွင့်လင်း မြင်သာစွာ လုပ်ဆောင်ရန်
လိုအပ်ပါသည်။
စက်တင်ဘာ၇ ရက်နေ့တွင်ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးချုပ်တွင်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ
ဥပဒေပြင်ဆင်နိုင်ရေးအတွက်ပထမဆုံးအကြိမ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်
မဟာမိတ်တိုင်း ရင်းသားပါတီအဖွဲ့တို့
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။တစ်ပတ်တစ်ကြိမ်တွေ့ဆုံပြီး
ိုင်းရင်းသားရေးရာကိစ္စများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကိစ္စများကို
ညှိနှိုင်း ဆွေးနွေးမည်ဟူသော အဖြေထွက်လာပါသည်။ ပြည်သူ့အတွက် အမှန်တကယ်
အပြုသဘောဆောင်သော အကျိုးရှိမည်ဆိုလျှင် လက်ခံ ကြမည်သာဖြစ်ပါသည်။
စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ဇင်းမယ်မြို့၌ ညီ ညွတ်သော
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်ထောင်စုငြိမ်း
ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ဒုတိယ အကြိမ် အကြို
ညှိနှိုင်းဆွေးနွေးရန် အတွက် တွေ့ဆုံခဲ့ကြပါသည်။ ရလဒ်အနေဖြင့် နောက်တစ်ကြိမ်
ထပ်မံတွေ့ ဆုံရန် သဘောတူညီရုံကလွဲပြီး ဘာဆုံးဖြတ် ချက်မှ
မချနိုင်ခဲ့ကြောင်း သိရသည်။
UNFC ဘက်က မူဘောင် (၆)ချက် လမ်းပြမြေပုံ (Road Map) ကိစ္စကို တင်ပြခဲ့သလို
အစိုးရဘက်မှလည်း အပစ်အခတ်ရပ်စဲရေးကိုဦးစွာလက် မှတ်ရေးထိုးပြီးမှ
နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်(Framework) ညှိသွားရမည်ဟု ပြောကြားခဲ့
ကြောင်း သိရ၏။ သို့ဆိုလျှင် UNFC လိုချင်သော လွှတ်တော်ပြင်ပ ဖက်ဒရယ်
ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေး ဆွဲရေးကိစ္စ အတွက် အစိုးရဘက်က
လိုက်လျော်ခဲ့သည်ပဲထားဦး။ ပြည်သူ့ ထောက်ခံမှု ယူစရာမလိုသော
သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ပေါ်ပေါက်လာ ဦးမှာလားဆိုတဲ့
အကြောင်း တရားကလည်း ရှိနေ ပြန်ပါသည်။
ကျွန်တော်တို့သိထားသောဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးသည်ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက်
ဖြစ်သည်ဟု နားလည်လက်ခံကြ၏။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို
အပြစ်အနာအဆာများသည်ဟု အကြောင်းပြကာ ပြင်ဆင်ရန် ကြိုးစားနေကြ၏။
အမှန်တကယ်ပြည်သူအကျိုးတည်တံ့ရှည်ကြာအောင်ရှေ့ရှု ဆောင်ရွက်မည်ဆိုလျှင်
ပြင်ဆင်ရန် ပြည်သူအားလုံး တညီတညွတ်တည်း ထောက်ခံပေးမည်သာ ဖြစ်ပါသည်။
သို့သော်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်(သို့မဟုတ်) ပါတီအဖွဲ့အစည်းတစ်ခုအ တွက်
ရည်ရွယ်ပြီး
ပြင်ဆင်မယ်ဆိုလျှင်တော့ပြည်သူအားလုံးလက်ခံမည်မဟုတ်ပေ။နိုင်ငံသားအားလုံးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေ
ပါလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၁)ဖွဲ့ပါသော (UNFC)ကလည်း
လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံ အသစ်ရေးဆွဲမယ်ဆိုလျှင်တော့ ပြည်သူ လူထုကြားမှာ
ဝိ၀ါဒ ကွဲပြားစရာတွေ ကြုံတွေ့လာနိုင်ပါသည်။
ဒီမိုကရေစီစနစ်ကျင့်သုံးနေသော မြန်မာနိုင်ငံတွင် စစ်မှန်သောငြိမ်း ချမ်းရေး
ရရှိရန်အတွက် ညှိနှိုင်းကြိုးစား နေရဆဲဖြစ်ပါသည်။ အောက်တိုဘာလတွင်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူဆွေးနွေးပွဲ လုပ်နိုင် မှသာ
နောက်တစ်ဆင့်အဖြစ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်လာနိုင်
မှာ ဖြစ်ပါသည်။ ထိုအချိန်သို့ ရောက်မှသာ ဖက်ဒရယ် ခေါင်းစဉ်အောက်၌ ဖက်ဒရယ်
ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်၊
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်များအတွက်အဖြေရှာနိုင်မည်ဟုယူဆမိပါသည်။လောလောဆယ်အနေအထားအရ
တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရအောင် ပထမဆုံး ကြိုးစားကြည့်စေချင်ပါသည်။
ထိုကဲ့သို့ ကြိုးစားကြည့်ရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၌
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့ ကျန်ရှိနေသည်ဟု သိရ၏။
မညီမညွတ်မစည်းလုံးသေးသော ငြိမ်းချမ်းရေးအသွင် ဆောင်နေသမျှ ဒီမို
ကရေစီစနစ်သည်လည်း ပြီးပြည့်စုံရန် လိုအပ်ချက်များ ရှိနေမည်သာဖြစ်၏။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခြင်းမှာလည်း လူနည်းစုသဘောဆန္ဒအရ
ရေးဆွဲခြင်းဟု အဓိပ္ပါယ်ပေါ်လွင်နေသောကြောင့်၊ ပြည်သူ တစ်ရပ်လုံး
ထောက်ခံမှုရရှိအောင် ပထမအဆင့်ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင်
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းအားလုံးပါဝင်အောင်
အချင်းချင်းစည်းလုံးညီညွတ်လက်တွဲခေါ်ယူရန် အရေးကြီးပါသည်။
သက်တမ်းနုနယ်သေးသော ဒီမိုကရေစီစနစ်ကို အတူတူလျှောက်လှမ်းကြ ရာဝယ်
ကိုယ်လုပ်ချင်တာကို
လွတ်လပ်စွာလုပ်ခွင့်ရသည်မှာမှန်ပင်မှန်ငြားသော်လည်းဖြစ်ချင်တာထက်
ဖြစ်သင့်တာကိုလုပ်ဖို့လိုပါသည်။
အမြင်သစ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...