Pages

Sunday, September 22, 2013

“အောင်ပဒင်..အင်ပဒေါင်း” ဇာတ်ကားမှ အသုံး အနှုန်းများ အတွက် မတောင်းပန် ပါက တရားစွဲမည်

လွန်ခဲ့သည့် ခြောက်လခန့်ကတည်းက ဖြန့်ချီခဲ့သည့် နေတိုးပါဝင် သရုပ်ဆောင်ထားသော
“အောင်ပဒင်...အင်ပဒေါင်း”
ဇာတ်ကားတွင် ပါဝင်သော အသုံးအနှုန်းများ၊ အပြုအမူများနှင့် ပတ်သက်၍ မတောင်းပန်ပါက ကယန်း
စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ နှင့် ကယန်းအမျိုးသားပါတီတို့မှ တရားစွဲဆိုမည်ဖြစ်ကြောင်း ကယန်းစာ
ပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ကိုခွန်ကလဲ့မင်းက ပြောသည်။

“ အဲဒီဇာတ်ကားထဲမှာ သုံးထားတဲ့ စကားလုံးတွေက တိရစ္ဆာန်တွေနဲ့ နှိုင်းပြီးတော့ ပြောထားတယ်။ အခု
ပါတီ လူကြီးတွေ ၀ိုင်းပြီးတော့ ဆွေးနွေးနေကြတယ်။ အခုအချိန်မှာ တစ်ခုခုတော့ လုပ်သင့်နေပြီ။
ဘာဖြစ် လို့လဲဆိုတော့ ဒီဇာတ်ကားက ထွက်ထားတာလည်း ကြာပြီ။

လူတိုင်းကြည့်ပြီးသား ဖြစ်နေပြီ။ အဲဒီတော့ သူ့စိတ်ထဲမှာ ကယန်းအမျိုးသားတွေကို ဘယ်လောက်တောင်
သိက္ခာကျစေ သလဲ။ ဇာတ်ကားထဲမှာ ပါတာတွေက အလွန်စိတ်ဆိုးဖို့ ကောင်းတယ်” ဟု ယင်းက ထပ်မံ
ပြောကြားသည်။

အဆိုပါကိစ္စနဲ့ ပစပ်လျဉ်း၍ ဆွေးနွေးမှုရလဒ်များအပေါ်မူတည်ပြီး ဇာတ်ကားနှင့် ပတ်သက်သည့် ထုတ်
လုပ်ဖြန့်ချီသူ၊ ရိုက်ကူးသူနှင့် ဇာတ်ညွန်းရေးသားသူ၊ ဆင်ဆာအဖွဲ့များ အားလုံးတို့အနေဖြင့် တောင်း
ပန်ပေး ရန် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ ယင်းတောင်းဆိုချက်
များ အား မလိုက်လျောပေးနိုင်ပါက တရားစွဲမည်ဖြစ်ကြောင်း သိရသည်။

Myanmar Forward by drmyochit

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...