Pages

Sunday, September 29, 2013

လက်ပတောင်းဒေသသို့ လမ်းလျှောက်သူများ စစ်ကိုင်းတွင် တားဆီးခံရ

လက်ပန်တောင်းတောင်ခြေရှိလယ်တီသိမ်နှင့်စေတီတော်ကိုကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ မန္တလေးမြို့ အမရပူရမြို့ နယ်မှစတင်လမ်းလျှောက်ထွက်ခွာလာခဲ့ သောလက်ပတောင်းဒေသခံများနှင့် ရန်ကုန်မြို့ မှတက်ကြွလှုပ်ရှားသူများပါဝင်သောအဖွဲ့ ဝင်အင်အား ၅၀ ခန့် ကို စစ်ကိုင်းမြို့ အဝင် ဧရာဝတီ တံတား(ရတနာပုံ) အဆင်းတွင်လုံခြုံရေးတပ်ဖွဲ့ ဝင်များဆက်မသွားရန်တားဆီးရာမှ အနည်းငယ် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ ပါတယ်။ တက်ကြွလှုပ်ရှားသူ ကိုသန့် စင်နှင့် ဦးဘမြင့် တို့ ကို လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ ကဖမ်းဆီးရန်ကြိုးပမ်းရာမှ အခုလိုဖြစ်ပွားခဲ့ ခြင်းဖြစ်ပါတယ်။

စစ်ကိုင်းခရိုင်မှတာဝန်ရှိသူအချို့ နှင့် ညှိနှိုင်းပြီးနောက်ဖမ်းဆီးခံရသူများကိုပြန်လွှတ်ပေးခဲ့ ပြီး ယခုအခါ အဆိုပါအဖွဲ့ သည် ကောင်းမှုတော်ဘုကြီးအနီးဓမ္မာရုံတွင်ညအိပ်ရပ်နားမည်ဖြစ်ကြောင်းသိရှိရပါတယ်။















The Irrawaddy (Burmese Version)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...