Pages

Sunday, September 8, 2013

ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဘာသာနှစ်ခုမှ ထင်ရှားသူများ ဆွေးနွေး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEiTuRijl6hnL3VzdLndZQsNT-8SgjXUuDU_kxeaLPjA0rFr91clhxADY3MdB55kfrFelWE3ZptArclBPpJ6Aue4avCFYvGGEhanN0WN9q9d8gPSidiVekO_DffpDbPERAo2QQBuuBGdrC/s1600/10.jpg
ပဋိပက္ခနှင့် အကြမ်းဖက်မှုများ မြန်မာနိုင်ငံဒေသများတွင် ဖြစ်ပွားခဲ့ပြီးနောက် လူ့အဖွဲ့အစည်းနှစ်ခု ငြိမ်းချမ်းစွာ ပြန်လည် အတူယှဉ်တွဲနေထိုင်နိုင်ရေး အတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာမှ ထင်ရှားသူများ ပါဝင်သည့် ဆွေးနွေးပွဲ ‘သင့်မြတ်ကြသူများ စကားဝိုင်း’ (Public Forum On Muslim-Buddhalist armony) ကို စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M-3 စားသောက်ဆိုင်တွင် ကျင်းပခဲ့သည်။


မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ နေလာခဲ့ပြီး အတိတ်ကာလက ဖြစ်ပွားခြင်း မရှိခဲ့ဘဲ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစအချိန်တွင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းကို စဉ်းစား အဖြေရှာဖို့လိုကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများကို မထိန်းသိမ်းနိုင်ခြင်းသည် ဗုဒ္ဓဘာသာ ရဟန်း၊ သံဃာတော်များတွင်လည်း တာဝန်မကင်းကြောင်း ရန်ကုန်တက္ကသိုလ်မှ ဒဿနိကဗေဒ ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ရခဲ့ပြီး Life Foundation ၏ နာယကဆရာတော်လည်းဖြစ်သူ အရှင်ဓမ္မစာရက မိန့်ကြားသည်။



“တရားဥပဒေရဲ့အထက်မှာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ဘာသာမှ စိုးမိုးမှု မရှိရပါဘူး။ ဖြစ်ခဲ့တာတွေက တရားဥပဒေမရှိလို့ ဖြစ်ရတာဆိုပေမယ့် တပည့်မကောင်း ဆရာ့ခေါင်း ဆိုတာလို ရဟန်းတော်တွေဘက်ကလည်း ဝင်ရောက် ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်” ဟု အဆိုပါ ဆရာတော်က ထပ်မံမိန့်ကြားသည်။


ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ကိုးကွယ်ရာ ဘာသာတရားများနှင့် အခြားမတူကွဲပြားမှုများ ရှိနေသည့် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရေးမှာ ကမ္ဘာကြီးအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ကြောင်း အဆိုပါ အခမ်းအနားကို ဦးဆောင်ဆွေးနွေးသူ တစ်ဦး ဖြစ်သည့် လူ့အခွင့်အရေးနယ်ပယ်တွင် ကျွမ်းကျင်သူ မလေးရှားနိုင်ငံသား ပါမောက္ခ မစ္စတာချန်ဒရာမူဆာဖာက ပြောကြားသည်။


“ယနေ့ကမ္ဘာမှာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ တင်းမာမှုတွေ ရှိနေတာကို မြင်ကြရမှာ ဖြစ်ပါတယ်။ ကွဲပြားစုံလင်တဲ့ လူ့အဖွဲ့အစည်းတွေကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ဖို့ ရိုးရှင်းတဲ့ အဖြေမရှိသေးပါဘူး။ ဘယ်လိုအခြေခံမူတွေနဲ့ နေထိုင်နိုင်မလဲ ဆိုတာကို ဆွဲထုတ် အဖြေရှာနိုင်ဖို့ဆိုတာ စိန်ခေါ်မှုကြီးပါပဲ” ဟု ၎င်းကဆိုသည်။


အမျိုးဘာသာ၊ သာသနာကို ကာကွယ်ရမည် ဆိုသော်လည်း ဆင်ခြင်စဉ်းစားဖို့ လိုကြောင်း၊ မိမိတို့သည် အာဆီယံ အသိုက်အဝန်းနှင့် ဆက်စပ်နေမှုကို နားလည်သဘောပေါက်ပြီး နိုင်ငံတကာ ဥပဒေများနှင့် ကိုက်ညီဖို့ လိုကြောင်း၊ လူမျိုးရေးဝါဒကို အခြေခံ စဉ်းစားမှုများ ပြားနေခြင်းက နိုင်ငံရေးစနစ်ကြောင့် ဖြစ်ကြောင်း လူမှုရေး၊ ပညာရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်နေသူ ချင်းတွင်းမဂ္ဂဇင်း အယ်ဒီတာ စာရေးဆရာကိုတာက ဆိုသည်။


“အစ္စလာမ်ဘာသာကို ကြောက်တဲ့ ရောဂါတွေ ကျယ်ပြန့်နေရာမှာ အကျိုးအကြောင်းတွေ ရှိနိုင်ပေမယ့် တော်တော်များများကတော့ ဆင်ခြင်မှုမရှိဘဲ စိတ်ကူးနဲ့ရမ်းပြီး ကြောက်နေကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ သင့်မြတ်စွာ အတူယှဉ်တွဲ နေထိုင်ရေးကလွဲပြီး တခြားမရှိနိုင်ဘူးဆိုတာ သိထားရပါမယ်” ဟု ဆရာကိုတာက ဆိုသည်။


အဆိုပါ ‘သင့်မြတ်ကြသူများ စကားဝိုင်း’ သို့ ဘာသာနှစ်ခုမှ စိတ်ပါဝင်စားသူများ အပါအဝင် သတင်းမီဒီယာများမှ တက်ရောက်နားထောင်သူ၊ ဆွေးနွေးမေးမြန်းသူ ၃၅၀ ခန့် တက်ရောက်ခဲ့သည်။


(အောင်မျိုးထက်)


The Voice Weekly

2 comments:

  1. ဂွစာမောင်မောင်September 9, 2013 at 12:33 AM
    အစ်စလန်ဘာသာကို ကြောက်နေတာမဟုတ်ဘူး အစ်စလန်ဘာသာရဲ့ ယုတ်မာ
    ရိုင်းစိုင်း မှုတွေကို ရွံနေတာ( မသာကိုတာ ) ရေ..မင်းတို့ဘာသာကိုကြောက်နေတယ်လို့များထင်ရင် ကိုမသာ အဲလေ..
    ကိုတာ တို့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းနေပြီ..မင်းတို့ခွေးတွေ ဒို့ ဘာသာ
    ကမိန်းကလေးတွေ ယူရင် ဒို့ ဘုရားပုံ ကိုနင်းခိုင်းသလို မင်းတို့ ကိုရမ် စာအုပ်ကို
    ငါတို့ ချီးကုန်းပြီး မီးရှို့ရင် သီးခံနိုင်တဲ့အခါ သင့်မြတ်နိုင်ကောင်းပါရဲ့
    သံဃာ့ဥသျှောင်ကြီးတွေလဲ ဒံပေါက်တွေ ကျွေးတိုင်း ဆို့ ကြီးဘဲ နေလို့ ခွေးကုလားတွေ တောင်းဆိုသမျှ (၉၆၉) ကိုဘဲ မဲပြီးလုပ်လို့ကတော့ ဂွစာ သေချာပြောရဲတယ် ဒံပေါက်ဆိတ်သင့်ပြီး
    သံဃာထိပ်သီး ကြီးတွေ ဦးနှောက် ပျောက်ကုန်ပြီ

    ReplyDelete
  2. ဂွစာမောင်မောင်September 9, 2013 at 12:33 AM
    အစ်စလန်ဘာသာကို ကြောက်နေတာမဟုတ်ဘူး အစ်စလန်ဘာသာရဲ့ ယုတ်မာ
    ရိုင်းစိုင်း မှုတွေကို ရွံနေတာ( မသာကိုတာ ) ရေ..မင်းတို့ဘာသာကိုကြောက်နေတယ်လို့များထင်ရင် ကိုမသာ အဲလေ..
    ကိုတာ တို့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းနေပြီ..မင်းတို့ခွေးတွေ ဒို့ ဘာသာ
    ကမိန်းကလေးတွေ ယူရင် ဒို့ ဘုရားပုံ ကိုနင်းခိုင်းသလို မင်းတို့ ကိုရမ် စာအုပ်ကို
    ငါတို့ ချီးကုန်းပြီး မီးရှို့ရင် သီးခံနိုင်တဲ့အခါ သင့်မြတ်နိုင်ကောင်းပါရဲ့
    သံဃာ့ဥသျှောင်ကြီးတွေလဲ ဒံပေါက်တွေ ကျွေးတိုင်း ဆို့ ကြီးဘဲ နေလို့ ခွေးကုလားတွေ တောင်းဆိုသမျှ (၉၆၉) ကိုဘဲ မဲပြီးလုပ်လို့ကတော့ ဂွစာ သေချာပြောရဲတယ် ဒံပေါက်ဆိတ်သင့်ပြီး
    သံဃာထိပ်သီး ကြီးတွေ ဦးနှောက် ပျောက်ကုန်ပြီ

    ReplyDelete

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...