Pages
▼
အမလေး ရှား
~~~~~~~~
ငါ ပြန်ခဲ့မယ်....
ဝဖီးနေတဲ့ အာရှကျား ခံတွင်းဝက_...
မေဒေး မသိတဲ့ သူဌေးကြီး ဖ၀ါးအောက်က_
တစ်နေ့ ၁၂ နာရီ အလုပ်လုပ်ရတဲ့ စက်ရုပ်ဘ၀က_
တစ်နေ့အလုပ်ပျက်ရင် ၃ ရက်စာ
လုပ်ခ ဖြတ်တဲ့ ဘူဇွာ ဥပဒေအောက်က_
လူကို လေချွန်ပြီးခေါ် ခြေထောက်နဲ့
ထိုးပြပြီး ခိုင်းတတ်တဲ့ ယဉ်ကျေးမှုကြားက_
အလုပ်ရှင်သူဌေးကို
ကြောက်ရ_
လမ်းထွက်ရင် ရဲကိုကြောက်ရ_
အိမ်မှာ ညအိပ်ရင် အော်ပရာစီ
ကြောက်ရ_
ပွဲစား လူလိမ်၊ ဂိုဏ်းစတား ၊အိန္ဒိယ
ရဲ ရေလာ ဖာသယ်
အရက်အတု_
အမလေး ရှား နေရတဲ့ဘဝ
..........ထွီ...............
ဘုရင့်နောင်ကို အားနာပါရဲ့..
ဦးအောင်ဇေယျရေ တောင်းပန်ပါတယ်...
အာရှ ကျားတွေသနားမှ ချမ်းသာရမယ့်....
အာရှ နွားဘ၀မို့ပါ....
ဒါလေး
ဝရိန်ဆော်ပြီးရင်
ဒီကဗျာကို ဆက်ရေးပါ့မယ်...
ဒီတစ်လ
အကြွေးကျေရင်တော့.....
စိတ်ချ......
စိတ်ချ......
မုတ်သုန်မိုးနဲ့ အတူ ငါပြန်ခဲ့မယ်...။
ကျော် န၀ဒေး(ခေတ္တ..မလေးရှား)
၁၅ .၆. ၂၀၁၃
https://www.facebook.com/kyaw.nawaday?fref=ts
ကူးယူ
ဖော်ပြခြင်းဖြစ်ပါသည်..။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...