Pages

Sunday, September 22, 2013

ပင်နယ်တီကို ကာကွယ်လိုက်နိုင်သော ရွှေမြန်မာအသင်း"

19.9.2013 ရက်စွဲနှင့် တင်ခဲ့သော "ထူးဆန်းသော မင်္ဂလာဖိတ်စာ" သတင်းရဲ့ နောက်ဆက်တွဲလေးပါ။
ဦးမြင့်ဝေ+ဒေါ်မြင့်မြင့်စန်းတို့ရဲ့ သား သဲကိုကို(ခ) သဲသဲ ဟာ အသက် (၂၁) နှစ်ရှိပါပြီ။ အကွက် (၄၃၀) မာလကာခြံရပ်ကွက်မှာ နေပါတယ်။ 
အကွက် (၄၄၇) ဒေါနခြံရပ်ကွက်နေ ဦးဇော်မင်းဦး+ဒေါ်ခင်မာလွင်တို့ရဲ့ သမီး မာဂျန်ဘီ(ခ) မာလာဦး (၁၈) နှစ်တို့ သမီးရည်းစားဖြစ်တာ (၃) နှစ်ကျော်ပါပြီ။ လူငယ်အချင်းချင်း ဘာသာတရားနှင့်ပတ်သက်ပြီး အငြင်းပွားမှု မရှိကြပါဘူး။ ကောင်မလေးကလည်း မဆွဲဆောင်သလို ကောင်လေးကလည်း မဆွဲဆောင် ပါဘူး။


ကောင်လေးရဲ့ မိဘတွေက ဝါးတွင်းကာလဖြစ်နေလို့ ဝါကျွတ်မှ မင်္ဂလာဆောင်စေချင်တာပါ။ ဒါကို   ကောင်လေး က မိဘတွေမသိအောင် ခိုးပြီး သဘောတူလိုက်တာပါ။ကောင်မလေးရဲ့ မိဘတွေက လည်း   ကောင်လေးဘက်ကို အသိမပေးခဲ့ဘဲ မင်္ဂလာပွဲကို တစ်ဖက်သတ် လုပ်ကြတာပါ။ ဒါကို ကောင်လေး ဘက်က မကျေနပ်လို့ 20.9.2013 မနက်ပိုင်းမှာ ရပ်ကွက်ရုံးကို တိုင်ပါတယ်။ ရပ်ကွက်ရုံးက ညှိပေးပေမယ့် မရပါဘူး။ကောင်မလေး ဖခင် ဦးဇော်မင်းဦးက နေကာဟ် ဖတ်ကိုဖတ်ရမှဖြစ်မယ်။ နေကာဟ်မဖတ်ရရင် လက်မခံနိုင်ဘူး လုပ်နေလို့ ညှိမရတာပါ။ 
 
 ကောင်လေးဘက်က ဒါဆိုလည်း ကောင်လေးကို မလွှတ်နိုင်ဘူးဆိုပြီး မစိုးရိမ်ကျောင်းသို့ ကောင်လေး ကို ခေါ် လာခဲ့ပါတယ်။ ဒီအခါ မင်္ဂလာပွဲက နီးပြီဖြစ်လို့ ကောင်မလေးလည်း စိတ်ပူလာပါတယ်။ ဦးဝီရသူက မြို့မယ်အုပ်ချုပ်ရေးမှူးကိုပြောပြီး ကုလားလိုလည်း မဆောင်နဲ့။ ဗမာလိုလည်း ဆွမ်းမကပ်နဲ့။ ရုံးတက် လက်မှတ် ထိုးပြီး၊ အိမ်မှာ ဧည့်ခံရုံပဲ လုပ်ပေးဖို့ ညှိပေးပါပြောလို့၊ မြိုနယ်တရားသူကြီးရုံးမှာ လက်မှတ်ထိုး ကြပါတယ်။ နေကာဟ်မဖတ်တော့ဘဲ ပရိသတ်ကို ဧည့်ခံ ကျွေးမွေးရုံဘဲ လုပ်လိုက်ပါတယ်။

အခုလို လူချင်းလက်ထပ်ပြီး ပေါင်းသင်းပေမဲ့ ဘာသာတရားနှင့် ပတ်သက်ပြီး အငြင်းမပွားကြတဲ့ လူငယ်စုံ တွဲကို ချီးကျူးရမှာပါ။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...