Pages

Thursday, September 12, 2013

ရန်ကုန်တိုင်း ဒေသကြီး မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် မုန်တိုင်း ထောက်လှမ်းရေး ရေဒါ တပ်ဆင်ရန် နေရာလျာထား

မြန်မာနိုင်ငံအတွင်းရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်မုန်တိုင်းထောက်လှမ်းရေးရေဒါတပ်ဆင်ရန်နေရာလျာထားချက်ရှိကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။အဆိုပါနေရာများမှာရန်ကုန်တိုင်းဒေသကြီးရှိကမ္ဘာအေးမိုးလေဝသနှင့်ဇလဗေဒရုံးနေရာ၊မန္တလေးတိုင်းဒေကြီးရှိချမ်းမြသာစည်မိုးလေဝသနှင့်ဇလဗေဒရုံးနေရာနှင့်ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ရှိတောင်ဘက်မင်းပြင်တောင်တို့၌တည်ဆောက်ရန်လျာထားကြောင်း၊ယင်းတည်ဆောက်မှုအတွက်ဂျပန်နိုင်ငံမှလှူဒါန်းရန်သဘောတူညီမှုရရှိထားပြီးဖြစ်ရာလာမည့်အောက်တိုဘာလအတွင်းဂျပန်အစိုးရက၎င်းနိုင်ငံတွင်လုပ်ကိုင်ရန်တင်ဒါခေါ်ယူရမည်ဖြစ်ကြောင်းသိရသည်။
''မြန်မာနိုင်ငံမှာ အရင်က ရေဒါတစ်လုံးရှိတယ်။ နောက်ပိုင်း ဟောင်း သွားတော့ သုံးမရဘူး။ အခုအသစ် တည်ဆောက်ပြီးရင်ပြည်သူတွေကိုမုန်တိုင်းနဲ့ပတ်သက်တဲ့သတင်းတွေပိုမိုတိကျစွာအမြန်ဆုံးပေးနိုင်တော့မှာပါ''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနမှ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုလွှတ်တင်ရန်အတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု ရရှိ ထားကြောင်း၊ ရေဒါများ တပ်ဆင်ပြီးပါက မုန်တိုင်း၏ လေတိုက်နှုန်းကို တိကျစွာ တိုင်းတာနိုင်ခြင်း၊ မုန်တိုင်း ဒီရေအမြင့်ကို ကြိုတင်သိနိုင်ခြင်း၊ မိုးရွာသွန်းမှု ပမာဏကို ကိန်းဂဏန်းဖြင့် တိကျသေချာစွာ သိနိုင်ခြင်း၊လျှပ်တစ်ပြက်ရေကြီးမှုကိုကြိုတင်သတိပေးနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။ ရေဒါတစ်စုံလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းခန့်ရှိပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီး တည်ဆောက်မည် ဖြစ်ကြောင်းနှင့် အဆိုပါ ရေဒါ အဆောက်အအုံ များသည် အမြင့်ပေ၂ဝဝ ခန့်ရှိကြောင်း သိရသည်။
 မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...