ရန်ကုန်
၊ စက်တင်ဘာ ၂၆ ။ ။ ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် ရှိ
ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်သော ၁၄/၃ ရပ်ကွက်တွင် နေထိုင်သည့်
အမျိုးသမီးငယ်တချို့မှာ လူငယ် တစ်စု၏ မဖွယ်မရာများကိုပြပြီး
ကာယိအိနြေ္ဒကိုထိပါးစေသောအ ပြုအမှုများ ကို မကြာ ခဏကြုံတွေ့ နေရကြောင်း အဆိုပါရပ်ကွက် နေ
အမျိုးသမီးများ ၏ ပြောပြချက် အရသိရသည်။
တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်သည် လူခြေတိတ် ဆိတ်သည့်
ရပ်ကွက်ဖြစ်သည်ကို အခွင့်ကောင်းယူကာ ယင်း အမျိုး သားလူငယ်တစ်စုသည် မိန်းက
လေးအများစု ဖွင့်လှစ်နေသည့် အ လှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်များရှေ့ တွင်
ယင်းတို့ လိင်အင်္ဂါများကို မဖွယ်မရာပြသပြီး အနှောင့်အ ယှက်ပေးနေကြကြောင်း
နှောင့် ယှက်ခြင်းခံရသူ ရပ်ကွက်နေ အမျိုး သမီးများ က ဆိုသည်။
၁၄/၃
ရပ်ကွက်နေ စကား ဖြူလမ်းအတွင်းရှိ အလှပြင်ဆိုင် တစ်ခုမှ
အမျိုးသမီးတစ်ဦးက''ကောင် လေးတွေ စက်ဘီးနဲ့ အိမ်ရှေ့ကို လာပြီး
ဒီလိုမဖွယ်မရာ လာလုပ် ကြတာ၊ အခုဆို လေးခွတောင် ဆောင်ထားရတယ်။ သူတို့လာရင်
ပစ်ဖို့၊ အသက်ကလဲ အရမ်းမကြီး ဘူး၊ ၂၀ ပတ်ဝန်းကျင်လောက်ပဲ။ လူရှင်းတဲ့
မွန်းလွဲ ၁ နာရီ ဝန်း ကျင်လောက် လာကြတာ။ မိန်း ကလေးရှိတဲ့
အိမ်တိုင်းကိုလုပ်တယ်။ သူတို့အကြောင်းကို ဒီတစ်ရပ် ကွက်လုံးသိတယ်''ဟု
ပြောသည်။ Read
More=>http://goo.gl/qARSMg
From :
..YMG
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...