Pages

Thursday, September 12, 2013

ရေချိုးခြင်းနှင့်ကျန်းမာရေးရုပ်ပိုင်းဆိုင်ရာ

အလုပ်ပင်ပင်ပန်းပန်းလုပ်တာပဲဖြစ် ဖြစ်၊ အားကစားလုပ်ပြီးတဲ့အခါမှာ ပဲဖြစ်ဖြစ် ရေချိုးလေ့ရှိကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လန်း ဆန်းသွားစေဖို့ပါပဲ။ ဒါပေမယ့် အခုလို ပင်ပင်ပန်းပန်းတစ်ခုခုလုပ်ပြီးမှရေချိုးခြင်းက အခြားအကျိုးကျေးဇူးများစွာကိုလည်း ဖြစ်ပေါ်စေပါတယ်။


(၁)တကိုယ်ရေသန့်ရှင်းမှု-ဒါကတော့ လူတိုင်းသိပြီးသားပါ။ ရေချိုးခြင်း အားဖြင့် တကိုယ်ရေသန့်ရှင်းမှုရရှိ စေပြီး အဓိကအားဖြင့် အားကစား သမားတွေအတွက် ပိုပြီးလိုအပ်တယ်။ ဒါပေမယ့် လူအများစုကတော့ တကိုယ်ရည်သန့်ရှင်းရေးထက် အနံ့ အသက်ဆိုးများပျောက်ဖို့ကို ရည်ရွယ် ပြီး ချိုးလေ့ရှိပါတယ်။

(၂)ကြွက်သားနာမှုကို သက်သာစေ နိုင် - လူတွေက လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီး နောက်တစ်နေ့ မှာ ကြွက်သားနာကျင်မှုကို ခံစားရ လေ့ရှိပါတယ်။

အဲဒီလိုမခံစားရအောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့ နောက်မှာ ရေအေးအေးနဲ့ရေချိုးပေးနိုင်ပါတယ်။ တစ်နေ့ထဲ လေ့ကျင့်ခန်းတစ်ခုပြီး တစ်ခု ဆက်လုပ်ရတဲ့ အားကစား သမားတွေမှာလည်း လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခု ကြား ရေအေးအေးနဲ့ ချိုးပေးခြင်းအားဖြင့် ပင်ပန်းမှုကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တာများပြီး ကိုယ်လက်ကိုက်ခဲ သူများမှာ ရေအေးနဲ့ချိုးပေးတာ တောင် မသက်သာလျှင် နောက် တစ်နေ့နံနက်၌ ရေနွေး နွေးဖြင့် ပြန်ချိုးပေးသင့်ပါတယ်။ ယင်းကဲ့သို့ ချိုးခြင်းအားဖြင့် ကြွက်သားများကို သွေးလှည့်ပတ်မှုကောင်း စေပြီးနာကျင်မှုကို လျော့ကျစေပါတယ်။

(၃)အဆီကျစေနိုင်-တကယ်လို့လေ့ကျင့် ခန်းလုပ်ရတဲ့ရည်ရွယ်ချက်က အဆီ ကျစေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ပြီး ချိန်မှာ ရေအေးအေးနဲ့ချိုးပေးသင့်ပါ တယ်။ ရေအေးအေးနဲ့ ရေချိုးနေတဲ့ အချိန်မှာ ခန္ဓာကိုယ်က အပူချိန်ကိုထိန်းထားဖို့အတွက် ဇီဝရုပ်ဖြစ်ပျက်မှုကို ၅၅၀%ခန့်ပိုမြန်စေပြီး ကယ်လို ရီတွေကိုလောင်ကျွမ်း စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကိုလည်း တင်းရင်းစေပါတယ်။

အဝင်း
ref:IANS
Health Updates Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...