Pages

Sunday, September 8, 2013

လူပေါင်း ၄၂၉ ဦး၊ ကလေး ၄၂၆ ဦးသေတဲ့ ဆီးရီးယား သြဂုတ်လ လူသတ်မှု ဗွီဒီယို ထွက်ပေါ်

ဒီနေ့ ထွက်ပေါ်လာတဲ့ ဆီးရီးယား အနိဌါရုံ ဗွီဒီယိုတစ်ခုကြောင့် အမေရိကန် သမ္မတ အိုဗားမား တစ်ယောက် မှင်တက်သွားတယ် လို့ ဒေးလီးမေးလ် သတင်းစာက ဖေါ်ပြတယ်။

ဒီ ဗီဒီယိုလေးဟာ အိုဗားမားအတွက် ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက်စွက်ဖက်ဖို့ ကွန်ဂရက်ကို တင်ပြမယ့် အထောက်အထား တစ်ခုလည်း ဖြစ်ပါလိမ့်မယ်။

ဗွီဒီယိုထဲမှာ ပါတာက လူပေါင်း ၁၄၂၉ ယောက်သေခဲ့ပြီး ကလေးငယ်ပေါင်း ၄၂၆ ယောက်ပါတဲ့ သြဂုတ်လအတွင်းက ဆီးရီးယား အစိုးရက ပြည်သူကို တိုက်ခိုက်တဲ့ အဆိပ် ဓါတုလက်နှက်ကြောင့် သေဆုံးခဲ့တဲ့ပြည်သူတွေရဲ့ ပုံတွေဖြစ်ပါတယ်။

အခန်းတစ်ခုလုံးပြည့်နေတဲ့ ကလေးငယ် အလောင်းတွေဟာ အိုဗားမားအတွက် အံ့သြ မှင်တက်ခ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အိုဗားမားဟာ သူကိုယ်တိုင် စစ်တပ်ကို တိုက်ရိုက် အမိန့်ပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်ပေမယ့် ဆီးရီးယားကို စစ်တိုက်ဖို့ ကိစ္စနဲ့ပါတ်သက်ပြီး နောက်တွန့်နေခဲ့သူ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက် မမှားရအောင်နဲ့ ပြည်သူလူထု ထောက်ခံချက် ရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆီးနိတ်မှာ မဲပေးဖို့ ပြုလုပ်ထားပါတယ်။

မီဒီယာတွေရဲ့ ကြိုတင် ခန့်မှန်း စစ်တမ်းကောက်ချက်အရ ဆီးနိတ်ဟာ ဆီးရီးယားကို စစ်တိုက်ဖို့အတွက် ထောက်ခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပြည်သူကို သတ်တဲ့ အာဏာရှင်တို့ သက်ဆိုးရှည်နေအုံးမှာလား....

(ဇော်လွင်ဝင်း)

ဗွီဒီယို ကြည့်လိုသူများအနေနဲ့ သတိပြုသင့်ပါတယ်။... ရုတ်ရင်း ကြမ်းတမ်းတဲ့ ပုံတွေ ပါတယ်ဆိုတာ ကြိုတင် သတိပေးလိုပါတယ်။ အောက်ပါလင့်မှာ ကြည့်ပါ...
 

 http://www.dailymail.co.uk/news/article-2415192/Obamas-shocking-case-striking-Syria-Gruesome-series-videos-taken-aftermath-gas-attacks-White-House-using-persuade-Senators-Congressmen-US-air-strikes.html

Posted From Zaw Lwin Win


FROM-THIT HTOO LWIN

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...