တစ်ပတ်မှာ ၁ ရက် မိတ်ကပ် လိမ်းခြင်းဖြင့်
အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင် အမျိုးသမီး အများစုဟာ
အပြင်ထွက်ရင်ကော အိမ်မှာနေရင်းမှာပါ
မိတ်ကပ် မလိမ်းဘဲ မနေနိုင်ပါ။ တို့ပတ် လေးတော့ "ဘတ်ဘတ်" ရိုက်သွား
ဦးမှဆိုတဲ့ စိတ်ကူးလေး ရှိစမြဲပါ။ ဆိုလိုတာက မိတ်ကပ် မရိုက်ဘဲ အပြင်ထွက်ရင်
မျက်နှာပြောင် ကြီးနဲ့လို့ အပြော မခံချင်ကြပါ။
သို့သော် တစ်ပတ်လျှင် ၁ ကြိမ်ခန့် မိတ်ကပ်မလိမ်းဘဲ
မိတ်ကပ်ကိုရှောင်ကြဉ်လိုက်ခြင်းဖြင့် သင့် အသား အရေကို အိုမင်းစေခြင်းမှ
ကာကွယ်
သွားနိုင်ကြောင်း အသားအရေပြုစု စောင့်ရှောက်ရေး ကျွမ်းကျင်သူများ က
ပြောကြားလိုက်ပါပြီ။
Bio 2 You Organic Seabuckthorn
အရေပြားထိန်းသိမ်း ရေး၏ တည်ထောင် Rita Strazinska ရီတာ စထရာဇင်စကာ က
အမျိုးသမီး များအား တစ်ပတ်မှာ ၁ ရက်တော့ အနည်းဆုံး ၂၄ နာရီ ကြာအောင်
မိတ်ကပ်မလိမ်းဘဲ နေလိုက်ကြဖို့ တိုက်တွန်း အားပေးလိုက်ပါတယ်။ သို့မှသာ
အသားအရေကို ကာကွယ် ပေးရာကျသလို အလှ ကုန်ပစ္စည်းများ လိမ်းကျံထားလို့
လေးလံနေတဲ့ မျက်နှာအသားအရေအား ပေါ့ပါး သွားစေပြီး အသစ်တစ်ဖန် ပြန်လည်နုပျို
ရှင်သန်ဖို့ အချိန်ပေးရန် တိုက်တွန်းခြင်းဖြစ်ပါတယ်။
တစ်ပတ်မှာ ၁ရက်တော့ အရေ ပြားကို အသက်ဝ၀ရှူဖို့ အချိန်ပေး ခြင်းဖြင့်
အသားအရေထိန်းသိမ်းရာ လည်းရောက်ပါတယ်။ အမျိုးသမီးများအနေဖြင့် ထိုသို့
မိတ်ကပ် တစ်ပတ်မှာတစ်ရက်မလိမ်းဘဲထားခြင်း ကြောင့် သူတို့ရဲ့
သဘာဝအသားအရေအခြေ အနေကို သတိပိုပြုမိလာပြီး မိမိကိုယ် မိမိယုံကြည်မှု
ပိုရှိလာ စေတယ်။ ကမ္ဘာကြီးကလည်း သူတို့တွေရဲ့ သဘာဝအလှကို တန်ဖိုးထား
အလေးပေးဖို့ အခွင့်အရေးပေးမှာ ပါလို့ ရှင်းပြ လိုက်ပါတယ်။
မိတ်ကပ်
တစ်ပတ်မှာ ၁ ရက် မလိမ်းစေချင်ရတဲ့ အဓိကအချက်များ ကတော့
(၁)
အသားအရေ ကြည်စင်စေခြင်း
မည်သည့် မိတ်ကပ်ကမှ အမဲ အစက်အပြောက်များ လျော့သွား အောင် မကူညီနိုင်ပါ။
ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်မပျောက်စေပါ။ မိတ်ကပ်ကြောင့် အသားအရေ
နီမြန်းလာခြင်း သို့မဟုတ် ကသိက အောက် တောင်ဖြစ်ကာ ဓာတ်မတည့်
ဖြစ်စေနိုင်ပါတယ်။
(၂) ဓာတုပစ္စည်းများ ကင်းစင်ပါစေ
သဘာဝ
ပစ္စည်းတွေနဲ့ ဖော်စပ်ထားပါတယ်လို့ ဘယ်လိုပဲပြောပြော အလှကုန်ပစ္စည်း
အများစုဟာ ပါရာ ဘင်းကဲ့သို့သော အ္တရာယ်ပေးနိုင်တဲ့ ဓာတုပစ္စည်းများ
ပါဝင်ပါတယ်။ ထိုကဲ့သို့သော ဓာတုပစ္စည်းများနှင့် အကြိမ်များများ ထိတွေ့မှုမှ
ရှောင်ကြဉ်၍ အနားယူစေခြင်းဖြင့် သင့်အသား အရေအားညှာတာရာရောက် သလို
ဥာဏ်အမြော်အမြင်ကြီးရာလည်းရောက်ပါတယ်။
(၃) ထို့ပြင် မိတ်ကပ်
မလိမ်းတဲ့ အတွက် အလှပြင်ချိန်လျော့ သွားလို့ မိမိမှာ
အချိန်ပိုလာနိုင်ပါတယ်။ အမျိုး သမီးတွေဟာ အလှတစ်ခါပြင်ရင် ပျမ်းမျှ မိနစ်
၂၀
ကြာလေ့ရှိပါတယ်။ မနက်တိုင်း မိနစ် ၂၀ အချိန် ပိုလာ တဲ့အတွက်
အိပ်ချိန်ပိုရလာသလို မနက်စာ စားဖို့လည်း အချိန်ရစေပါသတဲ့။
Health
Digest
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...