ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သော ပေါ်ပြူလာ နယူးစ်ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးဖိုးနိုင်လင်း၏ နေအိမ်ကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီဝန်းကျင် အချိန်ခန့်က သူခိုး ခိုးခံခဲ့ရရာ ဖုန်းနှစ်လုံး၊ ပိုက်ဆံအိတ်နှင့် ခရီးဆောင် ကွန်ပျူတာတစ်လုံး (ASUS Netbook) တို့ ခိုးယူခံခဲ့ရကြောင်း ကာယကံရှင် ကိုယ်တိုင် The Vocie သို့ ပြောကြားသည်။
“သူခိုးဝင်တာ သုံးကြိမ်မြောက်ရှိပြီ။ ဒီတစ်ခါတော့ ပစ္စည်းတွေ ပါသွားတယ်။ အရင်တုန်းက သူခိုးက နောက်ပေါက်က ဝင်တယ်။ ခုသူခိုးက ရှေ့ပေါက်က ဝင်တယ်” ဟု ဦးဖိုးနိုင်လင်းက ဆိုသည်။
ပေါ်ပြူလာနယူးစ်၏ အယ်ဒီတာချုပ် ဖြစ်သူအပြင် မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးဖိုးနိုင်လင်း၏ နေအိမ်ခန်းသည် အလုံမြို့နယ် ငုဝါလမ်းရှိ အထွေထွေ အုပ်ချုပ်မှူးရုံး ရှေ့တည့်တည့်တွင် ဖြစ်သည်။
“ကွန်ပျူတာထဲမှာ ရေးထားတဲ့ ဆောင်းပါးတွေ၊ အသင်းက ကြေညာချက်တွေ အကုန် ပါသွားတယ်” ဟု ဦးဖိုးနိုင်လင်းက ပြောပြသည်။
နေအိမ်အတွင်း ပစ္စည်းများ ခိုးယူခံရသည့်အတွက် အလုံမြို့နယ် ရဲစခန်းတွင် (ပ)၂၂၆၊ ၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
From : The
Voice
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...