Pages

Thursday, September 19, 2013

နိုင်ငံခြားခိုးကူးခွေဖမ်းဆီးနေမှုကြောင့် အစည်းအရုံးအပေါ် အထင်မလွဲစေလိုဟု ဦးလူမင်းဆို

မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ရောင်းချနေသော မြန်မာဇာတ်လမ်း၊ မြန်မာ သီချင်းခိုးကူးခွေများကိုသာ ဖမ်းဆီးနိုင်ရေးအတွက် အဓိက ဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေများကို ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ဖိအားပေးတိုက်တွန်းခဲ့ခြင်းမရှိခဲ့သလို သက်ဆိုင်မှုလည်း မရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးလူမင်းကပြောကြားလိုက်သည်။

မြန်မာနိုင်ငံအတွင်းရှိ ခိုးကူးခွေအရောင်းဆိုင်များကို ဖမ်းဆီးရာ၌ မြန်မာသီချင်း၊ မြန်မာဇာတ်လမ်းခွေ နှင့် ညစ်ညမ်း ခွေများရောင်းချခြင်းမတွေ့ရဘဲနိုင်ငံခြားကားဇာတ်လမ်းခွေများကိုသာရောင်းချနေသည် ကို ဖမ်းဆီးအရေးယူခံရမှုများရှိနေသည့် အတွက်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအပေါ်ခိုးကူးခွေရောင်း ချနေသူများ က ဝေဖန်ပြောဆိုနေကြသည်ဟု ဦးလူမင်းက ဆိုသည်။

http://myitmakhamediagroup.com/news/ဖျော်ဖြေရေးသတင်း/1030-နိုင်ငံခြားခိုးကူးခွေဖမ်းဆီးနေမှုကြောင့်-အစည်းအရုံးအပေါ်-အထင်မလွဲစေလိုဟု-ဦးလူမင်းဆို
FROM-SHWE MYIT MAKHA MEDIA GROUP

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...