Pages

Monday, September 9, 2013

နိုင်ငံရေးအမည်ခံ လုပ်စားများအား ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့

 
ယခုတလော မည်သည့်နေရာ၊ မည်သည့်ပွဲပဲဖြစ်ဖြစ် ရှေ့ဆုံးမှမြောက်ကြွ၊ မြောက်ကြွဖြင့် မိုက်ကိုင်ပြီးတက်ရောက် လာသူပရိတ် သတ်များစိတ်ပျက်ဖွယ် ကောင်းလောက်အောင်ပြောဆိုနေကြသည်မှာ နိုင်ငံရေးသမားယောင်ယောင်၊ဟိုယောင်ယောင်၊ ဒီယောင်ယောင်ထောင်ထွက်များပင်ဖြစ်သည်။

     နိုင်ငံတော်သမ္မတကြီး၏           စေတနာဖြင့်      ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေသည့်ကာလ တွင်       နိုင်ငံ့ အကျိုး ကို တစ် တပ် တစ်အား    ကျရာနေရာမှ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၄င်းတို့အား လွှတ်ပေးခဲ့သည့် အချိန်က   ပြည်သူ အများမှမျှော်လင့်တကြီးဖြင့်    ကြိုဆိုခဲ့ကြဖူးသည်။

သို့သော်.....တဖြည်းဖြည်းဖြင့် အချိန်ကာလ ရှည်ကြာလာသောအခါ မယောင်ရာဆီလူးများ၊ တိုင်းပြည်၏           တိုးတက်ရာတိုးတက်ကြောင်းကို                ဖျက်ဆီးနေကြသူများ၊ ၄င်းတို့ရောက်ရှိသည့်  နေရာတိုင်း တွင်     ကောင်းကျိုး များ         ဖြစ်ပေါ်လာ သည် မရှိဘဲ မတည်မငြိမ်မှုများဖြစ်ပေါ်ခြင်း၊   အမျိုးမျိုးသောဆန္ဒပြပွဲများ ကို    လုပ်ဆောင်နေသူများအဖြစ်
ပြည်သူအများက သတိပြုမိလာခဲ့ပြီဖြစ်သည်။

အထက်ပါ အကြောင်းအရာများနှင့်  ပတ်သက်၍  ယခုအပါတ်ထုတ်       First  News
ပြည်တွင်းထုတ်   ဂျာနယ်တစ်စောင်မှလည်း နိုင်ငံရေးအမည်ခံ   လုပ်စားများအကြောင်းအား
ဖော်ထုတ်ရေးသားခဲ့သည်ကို တွေ့ရမည်ဖြစ်ပေသည်...။      

- ပရိုမီးသီးယပ်စ်
From:MEG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...