မြန်မာနိုင်ငံမှာ မတရားအသင်းဆက်နွယ်မှုနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး
အကျဉ်းသားတွေအပါ
အဝင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတွေနဲ့ အကျဉ်းကျခံရသူအချို့ ဒီလ
စက်တင်ဘာလအတွင်းမှာ ပြန်
လည် လွတ်မြောက်လာနိုင်တယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စီစစ်ရေး
ကော်မတီက ပြော
ဆိုလိုက်ပါတယ်။
သြဂုတ်လကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ စီစစ်ရေး ကော်မတီရဲ့ အစည်းအဝေးမှာ
၁၇(၁)(၂) ပုဒ်မတွေ၊
အရေးပေါ် စီမံချက် ၅ ညနဲ့ အခြား နိုင်ငံရေး ပုဒ်မကြီးတွေကြောင့်
အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး
အကျဉ်းသားတွေ စာရင်းတွေကို သမ္မတကို တင်ပြပြီးတဲ့နောက် သက်ဆိုင်ရာက
စီစစ်နေပြီး လွှတ်
ပေးလေ့ရှိတဲ့အတွက် အခုလို ခန့်မှန်းပြောဆိုတာ ဖြစ်တယ်လို့ လက်ကျန်
နိုင်ငံရေး အကျဉ်းသား
စီစစ်ရေး ကော်မတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့ချုပ်မှ ကိုညိုထွန်းက
ပြောပြပါတယ်။
“၁၇(၁)(၂)က မတရား အသင်းနဲ့ ဆက်သွယ်မှု ၁၄၄(၁)က နိုင်ငံတော် ပုန်ကန်မှုနဲ့
ဖောက်ခွဲမှုပေါ့။
ကျွန်တော်တို့က ဒီပုဒ်မ ဒီပုဒ်မတွေကို ရှာထုတ်ပေးပါဆိုတော့ သူတို့ကို
အကျဉ်းသားစာရင်းတွေကို
ကြည့်ပြီးတော့ ထုတ်နေတယ် ခင်ဗျ။ ဒီလကုန်လောက်တော့ သူတို့ အနည်းအကျဉ်း
လွှတ်ပေးလိမ့်
မယ် ထင်တယ်။ ကျွန်တော်တို့လဲ ဒီလဆို အစည်းအဝေးမခေါ်သေးဘူးဗျာ။ အဲကျတော့
ဒီလထဲ
တော့ လွှတ်ပေးလိမ့်မယ်လို့ ကျွန်တော် ယူဆတာပေါ့။”
ဒီလို မတရားအသင်းနဲ့ ဆက်နွယ်မှုကြောင့် အကျဉ်းကျခံရသူတွေထဲမှာ ကရင် KNU ၊
ကချင် KIA
အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပက်သက်သူတွေ အများစု
ပါဝင်နေပြီး
အစိုးရကတော့ ဖောက်ခွဲမှုကြောင့် လူသေတာမရှိခဲ့ရင် လွှတ်ပေးနိုင်ကြောင်း
ပြောခဲ့တယ်လို့ ကို
ညိုထွန်းက ဆက်ပြောပါတယ်။
“အစိုးရဘက်က ပြောထားတာကလည်း ဖောက်ခွဲမှု ဖြစ်လို့ လူမသေရင်ရတယ်။ လူသေရင်တော့
သူတို့ မတက်နိုင်ဘူးပေါ့။ လူသေလို့ ရှိရင်တော့ ၃၀၂ ပါ ကပ်နေတာကိုး။ အခုဟာက
ကျွန်တော်
တို့က မူးယစ်ဆေးဝါးမှုတို့ လူသတ်မှုတို့ မပါတဲ့ သူတွေကို ကျွန်တော်တို့က အဓိက
ရွေးထုတ်နေ
ရတာ အဲဒါ ပထမအဆင့်ပေါ့ဗျာ။ ဒုတိယ အဆင့်ကျတော့မှ အဲဒီပုဒ်မတွေ
ကပ်နေတဲ့သူတွေကို
ထပ်ပြီး ပြောရမှာပေါ့”
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ရဲ့ ဇူလိုင်လ မိန့်ခွန်းအတွင်းမှာ
ဒီနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား
တွေ အကုန်လွတ်မြောက်သွားဖို့ အတွက် ဆောင်ရွက်သွားမယ်လို့
ကတိပေးပြောကြားခဲ့ပြီး မြန်မာ
အကျဉ်းထောင်တွေမှာတော့ နိုင်ငံရေး အကျဉ်းသား အယောက် ၁၂၀ ကျော်
ကျန်ရှိသေးပြီး အခြား
နိုင်ငံရေး ပုဒ်မတွေနဲ့ ပြစ်ဒဏ် မကျခံရသေးတဲ့ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တွေ
၁၀၀ ကျော်ရှိနေတယ်
လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့တွေက ပြောကြောင်း
ရေဒီယိုသြစတြေးလျ သတင်း
ထောက် စူးရှက သတင်းပေးပို့ ထားပါတယ်။
ABC Radio Australia
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...