Pages

Sunday, September 1, 2013

ဒလကျန်စစ်သားရပ်ကွက် အမှိုက်ပုံဧရိယာရှိ ကျူးကျော်များအား ဘူလ်ဒိုဇာဖြင့် ရှင်းမည်

ဒလမြို့တွင်အမှိုက်ဖျက်စက်ရုံတည်ဆောက်မည့်ကျန်စစ်သားရပ်ကွက်ထိပ်ရှိအမှိုက်ပုံဧရိယာတွင်နေထိုင် နေသည့်ဒေသခံများ၏နေအိမ်များကို စည်ပင်သာယာဌာနမှ လာမည့်သုံးရက်အတွင်း စက်များ ဖြင့် ထိုးဖျက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြောင်းရွှေ့ခိုင်းမှုနှင့် ပတ်သက်သည့်အစည်းအဝေး ကို ဩဂုတ် ၂၉ရက် နံနက်ပိုင်းက ဒေသခံများ၊ စည်ပင်သာယာ၊မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ကမြို့နယ်အထွေထွေအုပ်ချုပ်
ရေးမှူးရုံးတွင် အစည်းအဝေး တစ်ခုပြုလုပ်ခဲ့ပြီး ပြေလည်မှုမရ ရှိကြောင်းရွှေ့ပြောင်းရမည့်ဒေသခံများထံမှ သိရသည်။

''အခုနှစ်ရက်အတွင်းမှာ မရွှေ့ရင် ဘူလ်ဒိုဇာနဲ့ ထိုးဖျက်မယ် ပြောတယ်။ ဒီနေရာမှာ ၁၉၉ဝပြည့် နှစ်ကတည်းက တောကြီးမျက် မည်းကိုရှင်းပြီး စိမ်းလန်းမြေ နေရာ ဖော်ဆောင်နေလာခဲ့တာ ပါ''ဟုအစည်းအဝေးပွဲကိုတက် ရောက်ခဲ့သည့် ရွှေ့ပြောင်းရမည့် ဒေသခံတစ်ဦးက ပြောသည်။လက်ရှိဒလမြို့၏ အမှိုက် များကို စုပုံနေသည့် ကျန်စစ်သား ရပ်ကွက်ထိပ်၊ ဒလ-တွံတေးကား လမ်းဘေးရှိ မြေနေရာတွင် စည် ပင်သာယာဌာနမှ 'အမှိုက်ဖျက် ဆီးသည့်စက်ရုံ' တည်ဆောက် မည်ဖြစ်ပြီး အဆိုပါစီမံကိန်းနှင့် မလွတ်ကင်းသည့် စိမ်းလန်းမြေ များတွင် နေထိုင်နေသည့် အိမ် ခြေ ၄ဝကျော်မှ အိမ် ၁၁လုံးကို ရွှေ့ပြောင်းခိုင်းရာတွင် ဒေသခံများနှင့် အချေအတင်ဖြစ်နေခြင်း ဖြစ်ကြောင်း ဒလမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးထွန်း ထွန်းဝင်းက ပြောသည်။

''အခုရွှေ့ပြောင်းရမှာက အိမ်ခြေ ၁၁လုံးပါ။ အားလုံးမဟုတ် ပါဘူး။ သူတို့မှာ ဒီနေရာကို ပိုင် ဆိုင်ကြောင်း အထောက်အထား မရှိဘူး။ စည်ပင်ကတော့ ဥပဒေအတိုင်းလုပ်မယ်လို့ သိရတယ်။ရွှေ့ပေးမယ်ဆိုတာကို သုံးရက်အတွင်း လာအကြောင်းကြားပါ။ မကြားရင် တဲတွေကို ဖျက်မယ်လို့ ပြောလိုက်တယ်''ဟု ယင်းက ဆက်လက်ပြောသည်။

''အထောက်အထားမရှိဒီမြေမှာ နှစ်၂ဝကျော်နေလာတာ ကျေနပ်သင့်ပါပြီ''ဟု ဦးထွန်းထွန်း ဝင်းက ဆက်လက်ပြောသည်။ အဆိုပါဒလ-တွံတေး ကား လမ်းဘေးရှိ စိမ်းလန်းမြေများကို ၁၉၉ဝပြည့်နှစ်က လမ်းဘေးစိမ်း လန်းစိုပြည်ရေးစီမံကိန်းအဖြစ် ထို အချိန်က အကောင်အထည်ဖော် ခိုင်းခဲ့ပြီး ယခုအချိန်တွင် လျော် ကြေးမဲ့ရွှေ့ပြောင်းခိုင်းနေသည့် အတွက် အခက်အခဲဖြစ်ပေါ်နေ ခြင်းဖြစ်ကြောင်း အစည်းအဝေး ပြီးဆုံးချိန်တွင် ဒေသခံများအား တွေ့ဆုံမေးမြန်းမှု
များအရ သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ''စိမ်းလန်းမှာ မူလနေထိုင်သူတွေဆိုရင် တစ်မျိုးပေါ့။ အခုလူတွေက တစ် ဆင့်ဝယ်ထားတဲ့သူတွေ၊ သူတို့ က အထောက်အထားမရှိတဲ့ နေရာကို ဝယ်ထားတာတော့ သူ တို့ခံပေါ့''ဟု ဖြေကြားသည်။

Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...