Pages

Friday, September 20, 2013

မြန်မာနိုင်ငံရှိ ဆူပူမှုများတွင် နောက်ကွယ်မှကြိုးကိုင်ခဲ့သည်ဟု လူပြောများနေသော ခင်ဥမ္မာနှင့်နိုင်အောင် လိုင်ဇာသို့ရောက်ရှိနေ

 ဓါတ်ပုံ - VOA
မြန်မာနိုင်ငံရှိ ဆန္ဒပြဆူပူမှုများတွင် နောက်ကွယ်မှကြိုးကိုင်ခဲ့သည်ဟု လူပြောများနေသော ခင်ဥမ္မာ နှင့် နိုင်အောင် လိုင်ဇာသို့ရောက်ရှိကာ ကေအိုင်အေ ခေါင်းဆောင်များနှင့် တွေ့ဆုံလျက်ရှိပြီး မည်သည့်အတွက် တွေ့ဆုံရခြင်းကိုမူ မပြောလိုကြောင်းကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဦးလနန်က ပြောကြားသည်။
လက်ပတောင်းတောင် ဒေသရှိ  ဆန္ဒပြမှုများအပါအ၀င် ဆန္ဒပြပွဲများစွာကို ဦးဆောင်နေတဲ့ဗကသ၊ GW ၊ နော်အုန်းလှ နှင့် သွဲ့သွဲ့ဝင်းတို့အား နောက်ကွယ်မှ မိုးသီးဇွန်၊ နိုင်အောင် နှင့် ခင်ဥမ္မာ တို့က စီစဉ်ညွှန်ကြားနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်မှာလည်း ကာလအတန်ကြာပြီဖြစ်သည်။
လက်ပံတောင်းတောင်ဖြစ်စဉ်တွင်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ကျင်းပသည့် (၁၂)ကြိမ်မြောက် အမျိုးသမီးနှီးနှောဖလှယ်ပွဲကိုတတ်ရောက်ရန် မသွဲ့သွဲ့ကို လှမ်းခေါ်ခဲ့ပြီး အဆိုပါပွဲသို့ တက်ရောက်လာသော မသွဲ့သွဲ့ဝင်းကို လက်ပတောင်းတောင် ဒေသကိစ္စများကို ပြောကြားစေပြီးနောက် အဆိုပါအုပ်စုမှ သွေးထိုးမြှောက်ပင့်ပေးခဲ့ပါသည်။
အဆိုပါ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်ကျင်းပသည့် ပွဲမှ ပြန်ရောက်လာပြီးနောက်သွဲ့သွဲ့ဝင်းသည် မိမိကိုယ်အထင်ကြီးနေမှု၊ ပြည်ပမှသွေးထိုးပေးလိုက်မှုတို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဘဝလေဟပ်ပြီးဒေါ်စုတွေ ဘာတွေ နာမလည်တော့ပဲ ပြည်ပမှ သင်ပေးလိုက်သည့် အတိုင်းဘီဘီစီနဲ့အင်တာဗျူအစီစဉ်တွေမှာ အတိုင်ဖောက်ညီစွာ ပြန်ဖွခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

ယခုအခါ အစိုးရမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲနို်င်ရေး ကြိုးပမ်းနေသည့်အချိန်တွင် လက်မခံခဲ့သော ကေအိုင်အေ အကြမ်းဖက်အဖွဲ့အား တွေ့ဆုံလျက်ရှိပြီး တွေ့ဆုံရသည့်အကြောင်းရင်းကိုမူ လျှို့ဝှက်ထားဆဲဖြစ်သည်။
myanmarexpress

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...