Pages

Friday, September 27, 2013

ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း၂၀၀၈ ၅၉ ( စ )

မိမိကိုယ်တိုင်သော်လည်းကောင်း၊မိမိ၏မိဘတစ်ပါးပါး သော်လည်းကောင်း၊မိမိ၏ဇနီးသို့မဟုတ်ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ထိုတရားဝင်သားသမီးတစ်ဦးဦး၏ဇနီးသို့မဟုတ်ခင်ပွန်းသော် လည်းကောင်းနိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူသို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသို့မဟုတ်တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်းခံစားရသောအခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ ။

ဒေါ်စုကြည် ပြင်ချင်တယ်ဆိုတာ ဒီအချက်လား?
ဒီလိုပဲ ဒေါ်စုကြည် နောက်လိုက်တွေ ပြင်စေချင်တာလည်း ဒီအချက်ကို အဓိက ထားပြီးအော်နေကြတာ ။
ခုလိုအပင်ပန်းခံပြီးပြန်ရေး ထားတာက ။ မျက်စိစုံမှိတ်ပြီး ပြင် ၊ ပြင် ၊ ပြင် လို့အော်နေတဲ့သူတွေအတွက်ပါ ။ ဒါဟာ မှားလားမှန်လား သေချာ စဉ်းစားပေါ့ ။

အခြေခံကျဆုံး စကား ၁ ခွန်းပြောရရင်တော့ ၊
မိမိ နိုင်ငံတော်ကို မိမိနိုင်ငံသားကလွဲပြီး မည်သည့်နိုင်ငံသားမှ ပိုမချစ်နိုင်ဘူး ၊ ဒီလိုပဲ ကိုယ့်နိုင်ငံသားကို ကိုယ့်နိုင်ငံသားတွေကပဲပိုချစ်ပါတယ် ။

ဒီတော့က ဒီအခြေခံဥပဒေ မှန်လား မှားလားဆိုတာ ၊ သေချာဖတ်ပါ အစဆုံးပြန်ဖတ်ပါ ။

မျက်စီမှိတ်ပြီးအော်နေတာထက်အချက်အလက်အပြည့်အစုံနဲ့ ထောက်ပြ ဝေဖန်ပြီး၊ နိုင်ငံသားကောင်းပီ သကြပါဗျာ ။ အသိဥာဏ် ရှိစေဖို့ မေတ္တာရပ်ခံတာပါ ။

FROM-PHAY SIT GYI

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...