ပြည်တွင်းပြည်ပ ပညာရှင်အချို့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့်
ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန်
ရန်ကုန်တိုင်းအစိုးရထံမှ ခွင့်ပြုမိန့်ရပြီးဖြစ်ကြောင်း ကျိုက်
ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသ
ဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တပညာဒီပက မိန့်ကြားသည်။
သတ္တမ သင်္ဂါယနာတင်သည့်အချိန်တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကိုထိုး၍
အမျှအတမ်းဝေမည်ဖြစ်
သည့် အတွက်ကြောင့် ပြန်လည်ဆယ်ယူခြင်းဖြစ်ပြီး အဆိုပါ
ခေါင်းလောင်းကိုဆယ်ယူရန် နိုင်ငံတော်
အကြီး အကဲများ ကလည်း သဘောတူ လက်ခံကြောင်း လိုအပ်သည့် ကိစ္စ များကို ကူညီ
မည်ဟုပြော
ကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။
”ပဉ္စမသင်္ဂါယနာ မန္တလေးမှာတင်ခဲ့ပြီးပြီ။ ဆဋ္ဌမသင်္ဂါ ယနာ
ရန်ကုန်မှာတင်ခဲ့ပြီးပြီ၊ နောင် သတ္တမသင်္ဂါ
ယနာ တင်တဲ့အခါကျရင် ဒီခေါင်းလောင်းကြီးကို ထိုးမလို့၊ သောင်း
တိုက်စကြဝဠာအထိ၊ အဲဒီအခါကျ
ရင်တော့ရှေးတုန်းက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ နေထိုင်တဲ့နိုင်ငံပဲ။
ဒါမျိုးတွေ ပေါ်ပေါ်ထွန်းထွန်းအ
ခက် အခဲတွေ ကနေ အောင်မြင် ကျော်လွှားတယ်ဆိုရင် တိုင်းပြည်ရော ဘာသာသာသနာ ရော
လူမျိုး
ရောအားလုံး ကုသိုလ်တွေ လိုက်ဖက် ညီအောင် ဖွံ့ဖြိုးလာမယ်၊ ကုသိုလ်တွေ
…စည်ပင် ဖွံ့ဖြိုး သလို
တိုင်းပြည်တွေပါ အားလုံးစည်ပင် ဖွံ့ဖြိုးတိုးတက်မယ်၊
နယ်မြေအစိုးရ မင်း ရာဇာတွေလည်းပဲ မင်းကောင်းမင်းမြတ် တွေ
ပေါ်ထွန်းမယ်၊စီမံခန့်ခွဲအုပ်ချုပ်မင်း
ပြုတဲ့သူတွေ၊ အဲဒီထဲမှာ ထင်ရှားတာ တော့
ခေါင်းလောင်းကြီးရဲ့ဒါယကာ၊ရွှေတိဂုံဘုရားကြီးရဲ့ဒါယကာ
ဓမ္မစေတီမင်း ကြီး လုပ်ရတာ၊ အဲဒီအလုပ်ဆိုတော့ အဲဒါနဲ့ ညီမျှတာ အောင်မြင်
မှုရရင် ရွှေ တိဂုံဘုရား
ကြီးရဲ့ ကုန်းတော်ပေါ်ရောက် ရင် ဝမ်းမြောက်စရာလည်းရှိမယ်၊ အဲဒါ ကြောင့် ဒီက
အဖုံဖုံ အင်အားကြီး
သလို ကမ္ဘာအထိပါ အကြောင်းဆက်နေ တယ်၊ ကောင်းဖို့ပါ”ဟု ဆရာတော်က ခေါင်း
လောင်းဆယ်ယူ
ရသည့် အကြောင်းရင်း နှင့်အကျိုးဆက်ကို မိန့်ကြားသည်။
လက်ရှိတွင် ယင်း ဓမ္မစေတီခေါင်း လောင်းသည် သန်လျင်မြို့အနီး ပဲခူးမြစ် နှင့်
ရန်ကုန်မြစ် ဆုံရာတွင်
ရှိသည်ဟု ပြည်တွင်းပြည်ပ ပညာရှင်များက ခန့် မှန်းပြောဆိုေ နသော်လည်း
တိကျသည့် တည်နေရာ
အထောက်အထား တစ်စုံ တစ်ရာ မရရှိသေးပေ။ ဆရာတော်အနေ ဖြင့်လည်း ယခု
ထိုခေါင်းလောင်းကို
ဒိဋ္ဌ ပြန်လည်ဆယ်ယူရ ရှိနိုင်မည်ဟု မဆိုလို ကြောင်း၊ ကံအလုပ်သည် ဒိဋ္ဌပြောဆို၍
မရ၊ ခြွင်းချက်ရှိ
ကြောင်း မိန့်သည်။
”ဘုရားဂုဏ်၊တရားဂုဏ်၊ သံဃာ့ ဂုဏ်ကြောင့် အခြေခံထားပြီး လုပ်ကြည့် မယ်။
အခုချိန်ထိ ပြောဆိုကြ
တဲ့အထဲမှာ ငါလုပ်လို့ရမယ်လို့မပြောသေးဘူး။ ပြော ကြတာ အပြင်က ပြောကြတာ။
ဒီကဆံ တော်ရှင်
တွေလည်း သူများလုပ်လို့ မရ တာလုပ်လို့ရကြတယ်။ကျိုက်ဓနုတ်ဘု ရားကြီးလည်း
ခဏခဏပြိုတယ်၊
အခက် အခဲတွေကို လည်း အောင်မြင်တယ်။ ဒီ ခေါင်းလောင်းကြီးလည်း ရနိုင်ပါတယ်။
ဒါကတော့ သူ
တို့ပြောတာ။ ဒီက အမြင် ကတော့ ဘာမဆို လောကကံကိစ္စဆို တာ အမြဲ ခြွင်းချက်ထား
တယ်။ ရနိုင်
အောင်ကြိုးစား၊ နည်းအမျိုးမျိုးသာသနာ မှာ ရှိတယ်။ ကုသိုလ်နဲ့တော့အကြောင်း
ခံရတယ်။ အဲဒီ နည်း
လမ်းများနဲ့ လုပ် ဆောင်ရမယ်။ သို့သော်အခုချိန်ထိ မလုပ် သေးဘူး။ မလုပ်သေးတာ။
လိုချင်တဲ့ပုံစံ ကို
မဖြစ်သေးဘူး”ဟု ဆရာတော်က မိန့် သည်။
ထိုကုန်ကျစရိတ်များအတွက် ဇေ ကမ္ဘာကုမ္ပဏီမှ တာဝန်ယူမည်ဟု သိရ သည်။
ယခုအချိန်တွင် ခေါင်း
လောင်းကြီး နှင့်ပတ်သက်သည့် သမိုင်းစာတမ်းအ ထောက် အထားများကို စုဆောင်းလေ့
လာနေ
ကြောင်း၊ ပွင့်လင်းရာသီရောက် မည့် ဝါကျွတ်ဝါပအချိန်တွင် လုပ်ငန်း
စတင်နိုင်ခြေရှိကြောင်း၊ ဆရာ
တော် အနေဖြင့် ခေါင်းလောင်း ဆယ်ယူသည့် လုပ်ငန်းကို ကူညီလိုသူ၊
လုပ်အားပေးလို သူများကိုလည်း
သတ်မှတ်သည့် စည်း ကမ်းချက်များ လိုက်နာပါက လက်ခံ မည်ဟု ဆရာတော်က ဆက်လက်
မိန့်ကြား
ခဲ့သည်။
ကျိုက်ထီးဆောင်းဆရာတော်သည် ကျိုက်ဓနုတ် ဆံတော်ရှင်စေတီတော် ပြိုပျက်
ထိခိုက်ပျက်စီးခြင်းကို
ပြုပြင်ရာ မှ အကြောင်းဆက်ကာ ယခု ခေါင်း လောင်းကြီးအား ဆယ်ယူရန် အဓိဋ္ဌာန်
ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
စိုင်းနောင်
Popular Myanmar News Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...