Pages

Thursday, September 26, 2013

၁၃ ဦးသေစေခဲ့တဲ့ ဝါရှင်တန်က သေနတ်သမား

deadဝါရှင်တန်က ရေတပ်ခြံဝင်းထဲမှာ ရှိတဲ့ ရုံးတစ်ခုထဲကို ဝင်လို့ သေနတ်နဲ့ ဝင်ပစ်တဲ့ ဖြစ်ရပ် စက်
တင်ဘာလ ၁၆ ရက်နေ့က ဖြစ်ခဲ့ပါတယ်။

သေဆုံးသူ ၁၂ ဦး ရှိပြီး ၃ ဦး ဒဏ်ရာရစေတဲ့ ယင်း ပစ်ခတ်မှုကို စစ်ဆေးတာ ယနေ့တိုင်ပဲ ဖြစ်ပါတယ်။
နောက်ဆုံး တွေ့ရှိချက်အရ ပစ်ခတ်သူ တရားခံ Aaron Alexis ဟာ ကိုယ့်ကိုယ်ကို သက်သေဖို့လည်း စီ
မံလာပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ကွယ်က ထိန်းချုပ်သူ ရှိမရှိကိုလည်း စစ်ဆေးနေဆဲ ပါပဲ။
သေနတ်ကြီး၊ သေနတ်ငယ် ၃ လက်နဲ့ ဝင်ပစ်ပြီး ရဲရဲ့  ပစ်ခတ်မှုကြောင့် ယင်းနေရာမှာပဲ ဦးခေါင်းမှန်
သေဆုံး ခဲ့ ပါတယ်။

သူ့ရဲ့  ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲကိုလည်း ကျင်းပ
ပြီးသွားပါပြီ။ စစ်ဘက်ဆိုင်ရာ ဧရိယာအတွင်း ဖြစ်ပွားတဲ့ ပစ်မှုက ဒါဟာ ဒုတိယအကြိမ် ဖစ်ပါတယ်။
တစ်ချိန်က ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အရာရှိဟောင်းဖြစ်ပြီး အမေရိကန် အာဖရိကန် လူ
မည်း တစ်ဦး ဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ Aaron Alexis ရဲ့  အကြောင်းအသေးစိတ်ကို
FBI ကို စုံစမ်း စစ်ဆေးလျက် ရှိသေးကြောင်း သိရပါတယ်။

Ref: Xinhua

By ရိုးရာလေ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...