Pages

Monday, September 16, 2013

ကားကြုံလိုက်လာသည့် အမျိုးသမီးနှစ်ဦးကြောင့် ယာဉ်မောင်းသူ ငွေကျပ် သိန်းခြောက်ဆယ် ပျောက်ဆုံး

  • freeshipping  new2013 Horse oil tank truck clean car sanitation 
trucks water sprinkler alloy car model toy car kids toy

google ;photo 

မုံရွာ ၊ ၁၆-၉-၂၀၁၃

မုံရွာမြို့မှ ငဖဲမြို့နယ်သို့ ဆီသယ် ဘောက်ဆာယာဉ် ဖြင့် မောင်းနှင် ထွက်ခွာလာသူ ကားဒရိုင်ဘာ တစ်ဦးသည် လမ်းကြုံ လိုက်လာသည့် အမျိုးသမီး ၂ ဦး ကားပေါ်မှ ဆင်းသွား ပြီးနောက် ငွေကျပ် သိန်းခြောက်ဆယ် ပျောက်ဆုံးခဲ့ သည်ဟု ဆိုကာ ချောင်းဦးမြို့မ ရဲစခန်း၌ စက်တင်ဘာ ၁၄ ရက်က တိုင်ကြားချက် ရေးဖွင့် ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုင်ကြားချက် ၌ စစ်ကိုင်းမြို့နယ် ပဲကူတို့ ကျေးရွာနေ ကိုစိုးနိုင်ဦး ဆိုသူသည် ဆီသယ်ယာဉ် အမျိုးအစား ဘောက်ဆာ ယာဉ်ကို မုံရွာမှ ငဖဲမြို့သို့ မောင်းနှင် လာခဲ့ရာ ထိုယာဉ်  ပေါ်၌ ယာဉ်နောက်လိုက် မောင်ဇော်အောင် ဆိုသူမှာလည်း ပါလာ ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆင်ဖြူရှင် ကားလမ်းမကြီး အတိုင်း မောင်းနှင် လာခဲ့ကြသည် ဟု ၄င်းတို့က ဆိုသည်။ ထိုသို့ မောင်းနှင် လာခဲ့ရာတွင် ချောင်းဦး မြို့နယ် မှန်ချိုကျေးရွာ အနီး ကားလမ်း တစ်နေရာ၌ အသက် ၂၈ နှစ် ဝန်းကျင်ခန့် အမျိုးသမီး ၂ ဦးမှ လမ်းကြုံ လိုက်ပါ လိုကြောင်း ကားကို ရပ်တန့် ခိုင်းပြီး ခွင့်ပန်ခဲ့သဖြင့် ယာဉ်တာဝန် ရှိသူများမှ တင်ဆောင် လာခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တိုင်ကြားချက်တွင် ဆက်လက် ဖော်ပြထား သည်ဟု ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

လမ်းကြုံ လိုက်လာသည့် အဆိုပါ အမျိုးသမီး ၂ ဦးမှာ ချောင်းဦးမြို့နယ် ၊ မထိသာ ကျေးရွာ အနီးတွင် ကားပေါ်မှ ဆင်းသွား ခဲ့ကြောင်း ၊ ယာဉ်မောင်း ဖြစ်သူ ကိုစိုးနိုင်ဦး က ရဲထံ၌ ထွက်ဆို တိုင်ကြား ခဲ့သည်ဟု သိရသည်။ ၄င်း နေရာမှ ထိုကားကြီးသည် ဆက်လက် ထွက်ခွာ လာခဲ့ရာ မင်းဘူးမြို့သို့ ရောက်ရှိ ခဲ့သည်။ ထိုအချိန် ၌ ယာဉ်မောင်း ဖြစ်သူမှ ကားရှေ့ခန်း ထိုင်ခုံအောက်ရှိ အံဝှက်၌ စောင်ဖြင့် ရစ်ပတ် ထည့်ထားသော ငါးထောင်တန် ငွေကျပ် သိန်းခြောက်ဆယ် ပျောက်ဆုံး နေသည်ကို သိရှိရသည်။ ထိုသို့ ပိုက်ဆံများ ပျောက်ဆုံး ရခြင်းနှင့် ပတ်သက်၍လည်း လမ်းကြုံ လိုက်လာသူ အမျိုးသမီး ၂ ဦးအပေါ် ကိုစိုးနိုင်ဦး ဆိုသူက သံသယ ရှိသဖြင့် ဥပဒေအရ အရေးယူ ပေးပါရန် ရဲစခန်းသို့ တိုင်ကြား ခဲ့ခြင်း ဖြစ်သည်။ ထိုသူ၏ တိုင်ကြားချက်ကို ချောင်းဦးမြို့မ ရဲစခန်းမှ (ပ) ၂၅၈/ ၂ဝ၁၃ ပြစ်မှုပုဒ်မ ၃၈ဝ အရ အမှုရေး ဖွင့်ကာ ဒုတိယ ရဲအုပ် ကိုကိုနိုင်က ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၄၅၁)

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...