ဘာကလေမှ ချီးမြှင့်သည့် သြဂုတ်လအတွက် တစ်လတာ အကောင်းဆုံးဆုများကို
လီဗာပူးနည်းပြ ရော့ဂျာ နှင့် တောင်ပံကစားသမား စတာရစ်တို့
ဆွတ်ခူးသွားနိုင်ခဲ့သည်။ လီဗာပူးမှာ သြဂုတ်လအတွင်း ကစားခဲ့ သည့်
ပွဲစဉ်နှစ်ပွဲစလုံး အနိုင်ရရှိခဲ့ကာ လက်ရှိအချိန်တွင်လည်း အမှတ်ပေးဇယား
အဆင့်(၁)နေရာတွင် ရပ်တည်နေနိုင်ပြီး ယင်းအတွက်ကြောင့် အသင်းကို
အကောင်းဆုံးလမ်းပြနိုင်ခဲ့သည့် ရော့ဂျာကို တစ်လတာ အကောင်းဆုံးနည်းပြဆု
ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးမှာ အဖွင့်ပွဲစဉ်တွင် စတုတ်စီးတီးကို ၁-၀ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ
ဒုတိယပွဲတွင်လည်း ဗီလာကို အဆိုပါရလဒ်ဖြင့်ပင် အနိုင်ရခဲ့ပြီး ထိုကဲ့သို့
အနိုင်ယူခဲ့ရာတွင် တစ်လုံးတည်းသော အနိုင်ဂိုးများ သွင်းယူပေး
နိုင်ခဲ့သည့်အတွက် စတာရစ်မှာလည်း တစ်လတာ အကောင်းဆုံး ကစားသမားဆု
ရရှိခဲ့ခြင်းဖြစ်သည်။
၎င်းမှာ မန်ယူနှင့်ပွဲတွင်လည်း အနိုင်ဂိုး သွင်းပေးနိုင်ခဲ့ပြီး ဆွမ်ဆီးနှင့်
ကစားရမည့်ပွဲတွင်မူ ဒဏ်ရာပြဿနာ ကြောင့် ပါဝင်ရန် မသေချာသေးကြောင်း သိရသည်။
YoYarLay
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...