ခေါင်းကိုက်ခြင်းဟာ တစ်ခါတစ် ရံမှာ နာတာရှည်
အာရုံကြောပြဿနာတွေကြောင့် ဖြစ်ပွားရပြီး အလယ် အလတ်ကနေ ပြင်းထန်တဲ့
အခြေအနေအထိ ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကတော့ အမျိုးသမီးတွေ မှာ ပိုးအဖြစ်များပြီး
စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်ပါတယ်။
ခေါင်းကိုက်ခြင်းဟာ ဦးနှောက်မှာ
အနာဖြစ်ပွားနိုင်တဲ့အဆင့်အထိ ရောက်နိုင်တဲ့အတွက် ခေါင်းကိုက်ခြင်းကို
ဖြစ်ပွား စေတဲ့အကြောင်းအရင်းတွေကိုနား လည်ထားသင့်ပါတယ်။
၁။ ယမကာ –
ယမကာမှီဝဲခြင်းဟာ စိတ်ဖိစီးမှုနဲ့ တင်းအား (tension)တွေကို
မြင့်တက်စေတဲ့အတွက် ယမကာ မှီဝဲသူတွေဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်ပွားတဲ့
ခေါင်းကိုက်ခြင်းကို ခံစား ရနိုင်ချေများပါတယ်။
၂။ ကဖင်း –
ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းဓာတ်များတဲ့ သောက်စရာတွေကို သင့်တင့်တဲ့ပမာဏသာ
သောက် သုံးသင့်ပါတယ်။လိုတာထက် ပိုတယ်
ဆိုရင်စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်းတွေကို ကြုံတွေ့ရပြီး
migraine လို ဆိုးရွားတဲ့ ခေါင်း ကိုက်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။
၃။ အိပ်မပျော်ခြင်း – အိပ်စက်မှုအချိန် ကာလကို ဂရုမစိုက်ခြင်း၊ လုံလောက်
တဲ့အိပ်စက်ချိန်မရခြင်းတွေဟာ လည်းခေါင်းကိုက်စေပါတယ်။ စိတ်ပိုင်း၊
ရုပ်ပိုင်း ကျန်းမာရေးကို ယိုယွင်း စေပြီး ဆိုးရွားတဲ့ ခေါင်းမူး၊
ခေါင်း ကိုက်ခြင်းကို အိပ်ရေးပျက်တာများရင် ကြုံတွေ့ရစေပါတယ်။
၎။
ရာသီဥတု – ပူလွန်းခြင်း၊ အေး လွန်းခြင်း၊ စိုစွတ်လွန်းခြင်းစတဲ့ တစ်ဖက်
စွန်းရာသီဥတုတွေဟာလည်း ခေါင်း ကိုက်စေပါတယ်။
၅။ ဆူညံသံ –
အသံကျယ်ကျယ်လောင် လောင်ကို အချိန်ကြာမြင့်စွာ ကြား နေရခြင်း၊ အသံ pitch
မြင့်တဲ့ ကိရိယာများနဲ့ အလုပ်လုပ်ရခြင်းတွေဟာလည်း ပြင်းထန်တဲ့
ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
Health Updates
Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...