အင်ပါယာ နေ့စဉ်သတင်းစာမှအလုပ်အထုတ်ခံရသော
သတင်းထောက်ခုနှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး ကျောက်တံတား မြို့နယ်
အုပ်ချုပ်ရေးမှုးရုံးတွင်အလုပ်ရှင်အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးကော်မတီမှ
ဒုတိယအကြိမ်အဖြစ် ယနေ့ ကြားနားစစ်ဆေးခဲ့ရာပြေလည်မှုမရရှိသေးဘဲ ရုံးချိန်း
ထပ်မံခေါ်ဆိုမည်ဖြစ်သည်။
အင်ပါယာသတင်းစာမှ
အလုပ်ထုတ်ပယ်ခံရသူသတင်းထောက် အောင်ကိုကိုက ညှိနှိုင်းဖြန်ဖြေရေးကော်မတီမှ
နှစ်ဦးနှစ်ဖက်မေးမြန်းရာတွင်အင်ပါယာနေ့စဉ်သတင်းစာထုတ်ဝေသူ
ဦးကောင်းမြင့်ထွဋ်မှ မမှန်မကန်ထွက်ဆိုခဲ့သည်ဟု ပြောသည်။
“
ဒီနေ့တွေ့တာကတော့ ကော်မတီကကျွန်တော်တို့ တိုင်ကြားစာနဲ့ ပတ်သက်ပြီးတော့
အချက်အလက်တွေကိုမေးတယ်၊ ဦးကောင်းမြင့်ထွဋ်ကိုလည်းမေးတယ်၊အဲဒီမှာ သူက
ကျွန်တော်တို့ကို အလုပ်ထုတ်တာကိုလည်း မဟုတ်ပါဘူးလို့ ငြင်းတယ်၊
အလုပ်မထုတ်ဘူးဆိုရင်ပြန်ခန့်ဆိုတော့လည်းလက်မခံဘူး” ဟု အောင်ကိုကိုကပြောသည်။
အလုပ်ထုတ်ပယ်ခံရသည့် သတင်းသမားများကအပြစ်မရှိဘဲ အလုပ်ထုတ်ခံခဲ့ရသည့်အတွက်
နစ်နာကြေး တစ်စုံတစ်ရာလိုချင်ကြောင်းဆိုသည်။
ယခုကိစ္စနှင့်ပတ်သတ်ပြီး
ထုတ်ဝေသူဦးကောင်းမြင့်ထွဋ်အားမေးမြန်းရန်ကြိုးစားရာ
ပြန်လည်ဖြေကြားခြင်းမပြုဘဲ လက်ကာပြပြီး ပြန်လည်ထွက်ခွာသွားသည်။
ညှိနှိုင်းဖြန်ဖြေရေးကော်မတီမှအတွင်းရေးမှုး
ဦးစိုးလွင်က “ ကျွန်တော်တို့ အခုပြောလို့မရသေးဘူး၊ အစည်းအဝေး
ထိုင်ဦးမယ်၊ကျွန်တော်တို့ကညှိနှိုင်းပေးတာပဲရှိတယ်၊ဆုံဖြတ်လို့မရဘူး”ဟုပြောသည်။
အင်ပါယာနေ့စဉ်သတင်းစာ
ထုတ်ဝေသူဦးကောင်းမြင့်ထွဋ်ကသတင်းထောက်ခုနှစ်ဦးအား အင်တာနက်ပေါ်တွင်
ရုံးကို အပုပ်ချစေသောစာများ
ရေးသားမှုနှင့်ရုံးချိန်နောက်ကျခြင်းဆိုသောအကြောင်းပြချက်နှင့်
အလုပ်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လအတွက် လခကို
သြဂုတ်၃ ရက်တွင် လခထုတ်ပေးရန် သတင်းထောက်များက တောင်းဆိုသောကြောင့်
နောက်တစ်ရက်မှစပြီး အလုပ်မဆင်းတော့ရန်ဦးကောင်းမြင့်ထွဋ်က ပြောဆိုခဲ့သည်ဟု
အလုပ်ထုတ်ပယ်ခံရသည့် သတင်းသမားများကပြောဆိုပြီးဦးကောင်းမြင့်ထွဋ်က
အလုပ်ထုတ်ပယ်ခြင်းမဟုတ်ဟု ညှိနှိုင်းဖြတ်ဖြေရေးကော်မတီနှင့်
ပထမအကြိမ်တွေ့ဆုံစဉ်ကပြောကြားခဲ့သည်။
သတင်းထောက်များကို
အလုပ်မှထုတ်ပယ်ပြီး မကြာခင် ဦးကောင်းမြင့်ထွဋ်
ရုံးတွင်းပြောသည့်အသံဖိုင်အင်တာနက် ပေါ်တွင်ပျံ့နှံ့ခဲ့ပြီး
လူအများဝေဖန်ကြသောကိစ္စရပ်တစ်ခုဖြစ်ခဲ့သည်။ ။
From :
..YPI
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...