
ဥက္ကံ ပဋိပက္ခဖြစ်စဉ်အတွင်း တွေ့ မြင်ရစဉ်
မြန်မာနိုင်ငံတွင်း လူဦးရေအများဆုံး နေထိုင်သော ရန်ကုန်မြို့တော် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ အောက်ခြေ ရပ်ကွက် များတွင် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားနိုင်သော မီး
ပွား (ရန်ပွဲ) များ မကြာခဏ ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြော
ကြားသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် SEA Games အောင်မြင်စွာ
ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပဋိပက္ခများနှင့် SEA Games လုံခြုံရေးနှင့် ပတ်သက်၍ ၎င်းက
ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြဿနာတွေ မကြာခဏဖြစ်တယ်၊ နေ့တိုင်းလိုလို တစ်ခုနှစ်ခု အမြဲရှင်းနေရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် လက်ဦးမှု ရယူပြီး ဖြေရှင်းနေသော
aကြာင့် ပြဿနာများ ကြီးထွားမလာခြင်း ဖြစ်ကြောင်း ဦးမြင့်ဆွေက ထပ်လောင်းပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် စက်တင်ဘာ ၄ ရက်နေ့က အစ္စလာမ်ဘာသာရေး စာ
သင်ကျောင်း တစ်ကျောင်းကို ဓာတ်ဆီများ သုတ်ထားသော မီးတုတ်ပစ်တင်မှု ဖြစ်ပွားခဲ့ပြီး သုံးမိနစ်တာ
မီးလောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်တွင် လူငယ်အုပ်စုနှစ်စု ခိုက်ရန်ဖြစ်
ပွားရာမှ ပဋိပက္ခ ဖြစ်ပွားသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင်လည်း အမျိုးသမီးတစ်ဦး၏ မျက်နှာကို ဓားဖြင့် ခြစ်ရာမှ ဘာသာရေးအသွင်
ဆောင် ပဋိပက္ခ ဖြစ်ပွားနိုင်သည့် ကောလာဟလအချို့ ထွက်ပေါ်ခဲ့သည်။
သြဂုတ်လ ၃၀ ရက်နေ့ကလည်း ဥက္ကံမြို့တွင် ဗုဒ္ဓဘာသာဝင် လူငယ်အချို့နှင့် အစ္စလာမ်ဘာသာဝင် လူ
ငယ်အချို့ ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း စစ်ကိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင်
ဘာသာရေး အသွင်ဆောင် ပဋိပက္ခကြောင့် နေအိမ် ၄၂ လုံး၊ ဈေးဆိုင်ခန်း ၁၈ ခန်းနှင့် ကြက်မွေးမြူရေးခြံ
တို့ မီးလောင်ပျက်စီးခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှ လူ့အဖွဲ့အ
စည်းနှစ်ခု၏ ပဋိပက္ခများမှစတင်ကာ ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း
ဒေသကြီး မိတ္ထီလာမြို့နှင့် ရှမ်းပြည်နယ် လားရှိုးမြို့၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့တို့တွင် ဘာသာရေးအ
သွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ပြီးခဲ့သည့် မတ်လအတွင်းက နိုင်ငံရေးပါတီ ၂၉ ပါတီမှ ခေါင်း
ဆောင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ် ရန်ကုန်မြို့တော်တွင် ဘာသာရေး အကြမ်း
ဖက်မှုများ ဖြစ်ပေါ်စေသည့် လှုံ့ဆော်မှုများ အောက်ခြေနိုင်ငံရေး ပါတီဝင်များ မပါဝင်စေရေး ဝိုင်းဝန်း
ထိန်းသိမ်းကြရန် တိုက်တွန်းခဲ့သည်။
(ကောင်းဆက်နိုင်)
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...