Pages

Sunday, September 1, 2013

အုန်းသီးရဲ့ လျှို့ဝှက်ချက်

အုန်းသီးဟာလူတွေအတွက်ကောင်းမွန်ထူးခြားတဲ့အစာတစ်မျိုးဖြစ်ပါတယ်.အထူးခြားဆုံးကလူ့အသက်ကိုတောင် ကယ်တင် နိုင်စွမ်း ရှိတဲ့ အသီး ဖြစ်ပါတယ်. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေနိုင်စွမ်း ရှိခြင်း၊ကိုလက်စရောကိုလျော့ချပေးနိုင်စွမ်းရှိခြင်း၊ရေဓာတ်ကိုထိန်းသိမ်းပေးခြင်းနဲ့အရေးပေါ် သွေးရေကြည် သွင်းဖို့ လိုအပ်နေသူများကို တောင်မှ အုန်းရည်ဖြင့် အစားသွင်း ကုသပေးနိုင်ခြင်း စတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကိုသိရှိသူမှာလူအနည်းစု လောက်သာရှိပါတယ်. ခေတ်ပေါ် ဆေးသုတေသန ပြုသူများ ကလည်းအုန်းသီးဟာကျန်းမာရေးအတွက်အလွန်အကျိုးပြုစေနိုင်သောအသီးဖြစ်ကြောင်းလေ့လာ တွေ့ရှိရပါတယ်..

 အုန်းရည်

အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင် ပေးနိုင်စွမ်း ရှိပုံနဲ့ ပတ်သက်ပြီး အကောင်းဆုံး သက်သေ တစ်ခုကို ပြောပြရမယ် ဆိုရင် ဒုတိယကမ္ဘာစစ် အတွင်းက ပစိဖိတ် ဒေသ စစ်ပွဲတွေ မှာ စစ်သားတွေ အများအပြား ဒဏ်ရာ ရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ် နေပေမဲ့ စစ်မြေပြင် ဖြစ်တာကြောင့် သွေးရည်ကြည် ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည် အစား ထိုးသွင်း ကုသပြီး အသက် ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်.အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာ တွေ့ရှိ ရပါတယ်.

ကိုလက်စရောကို ကျဆင်းစေခြင်း

အစာခြေနိုင်စွမ်း မြင့်မားစေခြင်း

အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း

ဆဲလ်အသစ်များကို တိုးပွားစေခြင်း

ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း

ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း

အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း

ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း

ရောဂါများကို ခုခံကာကွယ်ပေးခြင်း

မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း

ဘက်တီးရီးယားများကို သေစေနိုင်ခြင်း

စတဲ့အကျိုးဆက်များစွာကိုပေးနိုင်တဲ့အတွက်ကြောင့်ကျန်းမာရေးအတွက်အဖိုးတန်တဲ့အုန်းသီး ဖြစ်ပါတယ်..

အုန်းသီး အနုတွင် သန့်စင် ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့ အတွက် အုန်းသီးအရင့်ထက် စာရင် အဆီ ပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေး အတွက် စဉ်းစားပြီး အုန်းသီး တစ်လုံးကို ၀ယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူ သင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်း အရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညို ခပ်ဖျော့ဖျော့ အရောင် ရှိတတ်ပါတယ်..

အုန်းဆီ

အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုး များတဲ့ ဆေးကုသမှု ဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲ နိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံး သိကြတဲ့ အတိုင်း ဆံပင်သန်စွမ်း နက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင် ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြား ခြောက်သွေ့ခြင်း တို့ကို ကာကွယ် နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သော ပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သော အချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက် ပေးပါက သွားများကို ပိုမို ခိုင်မာ စေနိုင်ပါတယ်လို့ ဖော်ပြ ထားပါတယ်.…

အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများ အတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..အုန်းဆီကို အရေပြားပေါ် လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်.. အရေပြား တွန့်ခြင်းကိုလည်း နှောင့်နှေး စေတယ် လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြား စောင့်ရှောက် ပစ္စည်းများ ဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ် ကြပါတယ်.. ထိခိုက်ရှနာများ အတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက် အဖြစ် အထောက်အကူ ပြုနိုင် ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေး အဖြစ် ဖုံးအုပ် ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံးပြန်လည် ကောင်းမွန် စေနိုင်စွမ်း ရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သော မှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်..

အုန်းသီးထွက်ပစ္စည်းများ

အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည် တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြု ကြပါတယ်.. အချို့သော နိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာ အတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုးဖြစ်ပါတယ်..မြန်မာနိုင်ငံတွင်တော့ဟင်းချက်ရာတွင်အသုံးပြုမှုနည်းပါးသော်လည်း မြန်မာမုန့် တော်တော် များများတွင် အုန်းနို့ ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့် ပြု လုပ်သော အစားအသောက်များ အလွန်အကျွံ စားသုံးပါက
သွေးတိုး ရောဂါသမားများအတွက် အလွန်အန္တရာယ် ကြီးပါတယ်..

ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်....

Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health Benefits နှင့်

Funzug.com မှ အချက်အလက်များကို မှီငြမ်း ကိုးကားပါသည်။ ဤပိုစ့်ပါ အချက် အလက်များကို အတည်ပြုပေးပြီး အချက်အလက် အသစ်များ ထပ်မံ ရှာဖွေကူညီပေးသော ဒေါက်တာ ဇီဝက(ဆေး-၂) အားအထူး ကျေးဇူးတင်ရှိပါသည်။

မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...