Pages

Wednesday, September 11, 2013

အသိမ်းခံလယ်များ ပြန်ရဖို့ဆန္ဒပြသူ ထောင် ၉ လကျခံရ

Photo: အသိမ်းခံလယ်များ ပြန်ရဖို့ဆန္ဒပြသူ ထောင် ၉ လကျခံရ
Wednesday, September 11, 2013

တစ်နိုင်ငံလုံးမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေး ဖို့အတွက် ၃ 
ကြိမ် ဆန္ဒပြခဲ့တဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို သံတွဲမြို့နယ် တရားရုံးက 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ အလုပ် နဲ့ ထောင်ဒဏ် ၉ လ 
ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီကနေ့ RFA ကို ပြောပါတယ်။

ကိုစိုးဝေဟာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ပြီးခဲ့တဲ့ 
သြဂုတ်လအတွင်းက ၂ ကြိမ်၊ စက်တင်ဘာလ ၂ ရက်နေ့က ၁ ကြိမ် သံတွဲမြို့ပေါ်မှာ 
တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ဆန္ဒပြခဲ့ တာပါ။

ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ကိုစိုးဝေရဲ့ ညီဖြစ်သူ ကိုအောင်နိုင် က 
အခုလို ပြောပါတယ်။

“၉ ရက်နေ့မှာ ပုဒ်မ ၁၈ ကို တစ်မှုကို ၃ လစီနဲ့ သုံးမှုအတွက်ကို ၉ လချ တယ်၊ 
အဲဒီ့ဥစ္စာက အလုပ်ပါ ပါတယ်၊ ချပြီးတာနဲ့ ချက်ချင်းထောင်ကို ပို့လိုက် တယ်၊ 
အယူခံဝင်ဖို့တော့ အစီအစဉ်ရှိပါတယ်”

သံတွဲမြို့နယ်ရဲစခန်းက ပထမ ၂ ကြိမ် ဆန္ဒပြတာမှာ အာမခံပေးခဲ့ပေမဲ့ ၃ 
ကြိမ်မြောက် ဆန္ဒပြအပြီးမှာ အာမခံမပေးတော့ဘဲ သံတွဲအကျဉ်းထောင်မှာ 
ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

RFA Burmese
တစ်နိုင်ငံလုံးမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေး ဖို့အတွက် ၃ ကြိမ် ဆန္ဒပြခဲ့တဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို သံတွဲမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ အလုပ် နဲ့ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီကနေ့ RFA ကို ပြောပါတယ်။
ကိုစိုးဝေဟာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ၂ ကြိမ်၊ စက်တင်ဘာလ ၂ ရက်နေ့က ၁ ကြိမ် သံတွဲမြို့ပေါ်မှာ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ဆန္ဒပြခဲ့ တာပါ။

ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ကိုစိုးဝေရဲ့ ညီဖြစ်သူ ကိုအောင်နိုင် က အခုလို ပြောပါတယ်။

“၉ ရက်နေ့မှာ ပုဒ်မ ၁၈ ကို တစ်မှုကို ၃ လစီနဲ့ သုံးမှုအတွက်ကို ၉ လချ တယ်၊ အဲဒီ့ဥစ္စာက အလုပ်ပါ ပါတယ်၊ ချပြီးတာနဲ့ ချက်ချင်းထောင်ကို ပို့လိုက် တယ်၊ အယူခံဝင်ဖို့တော့ အစီအစဉ်ရှိပါတယ်”

သံတွဲမြို့နယ်ရဲစခန်းက ပထမ ၂ ကြိမ် ဆန္ဒပြတာမှာ အာမခံပေးခဲ့ပေမဲ့ ၃ ကြိမ်မြောက် ဆန္ဒပြအပြီးမှာ အာမခံမပေးတော့ဘဲ သံတွဲအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...