Pages

Sunday, September 8, 2013

အတုယူသင့်တဲ့ အဘွားအို

ဒီပုံထဲက အမျိုးသမီးကြီးကတော့ Shila Ghosh လို့ခေါ်ပြီး အသက် ၈၃ နှစ်ရှိပြီဖြစ်ပါတယ်..။ သူမဟာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက် ဘင်ဂေါက Pali မှာ နေထိုင်ပါတယ်..။ သူမရဲ့ တစ်ဦးတည်းသော သားဟာ လွန်ခဲ့တဲ့ လအနည်းငယ်က နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်.. သူမဟာ သူမစားဝတ်နေရေးအတွက် ညနေတိုင်း Pali ကနေ Kolkata ကို အာလူးကြော် ရောင်းချဖို့ အတွက် လာရောက်ပါတယ်..။

ဒီလိုနေ့တိုင်း သွားလာဖို့အတွက် အခက်အခဲမရှိဘူးလားလို့ မေးတော့ သူမက.."မရှိပါဘူး..။ ကားက ဒီအထိ ပို့ပေးတယ်လေ..။ ဒီလောက်တော့ ကျန်းမာရေး ကောင်းပါသေးတယ်.."လို့..ပြုံးပြီး..ဖြေပါတယ်..
တစ်ကယ်ဆို အခြေအနေတွေက သူမရဲ့ဝမ်းစာအတွက် တောင်းရမ်းစားသောက်ဖို့ ဖန်တီးခဲ့ပေမယ့် သူမကတော့ လမ်းပေါ်မှာ တောင်းရမ်းဖို့ထက် နောက်ဆုံးအချိန်ထိ အလုပ်လုပ်သွားဖို့ ဆုံးဖြတ် သွားခဲ့ပါတယ်..။
ကျွန်တော်တို့တွေ တစ်ခုခု အဆင်မပြေလို့ ဆင်ခြေပေးဖို့ စဉ်းစားတိုင်း သူမကို သတိရသင့်ပါတယ်..။ သူမဟာ သူမရဲ့ ပြသနာ ကို ဆင်ခြေမပေးပဲ သူမကိုယ်ပိုင် နည်းလမ်းနဲ့ ဖြေရှင်းခဲ့တာပဲလေ..။
သူမကို လူအများစုက ကူညီလှူဒါန်းချင်ကြပါတယ်.. ဒါပေမယ့် သူမ လက်မခံခဲ့ပါဘူး… ဒါကြောင့် လူတွေဟာ သူမရဲ့ အာလူးကြော်တွေကို များများဝယ်စားခြင်းဖြင့် သူမကို တစ်ဖက်တစ်လမ်းကနေ ကူညီနေကြပါတယ်..။
သင်တို့လည်း အခွင့်အခါကြုံလို့ Kolkata ကိုရောက်ခဲ့ရင် ဒီအမျိုးသမီးကြီးဆီက အာလူးကြော်ကို ၀ယ်စားဖို့ မမေ့ပါနဲ့…။

အောင်ထွန်းဦး

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...