မက္ကစီကိုနိုင်ငံတွင်မုန်တိုင်းများတိုက်ခတ်ပြီးရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည့်နောက်လူနေရပ်ကွက်ထဲမိကျောင်းတစ်ကောင်ရောက်လာခဲ့ကြောင်းသိရှိရသည်။အပူပိုင်းမုန်တိုင်းမန်နျူရယ်လ်၏ပြင်းထန်သောတိုက်ခတ်မှုများကြောင့်မိုးသည်းထန်ပြီးရေကြီးမှုများဖြစ်ပေါ်ခဲ့ရာအကာပူလ်ကိုမြို့ရှိလမ်းများပေါ်တွင်လှည့်လည်သွားလာနေသည့်မိကျောင်းကိုတွေ့ရှိရခြင်းဖြစ်သည်။၎င်းသည်မြစ်ရေလျှံမှုများနှင့်အတူပါလာပြီးလမ်းများပေါ်လျှောက်သွားနေခြင်းဖြစ်နိုင်ကြောင်းကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများကပြောကြားခဲ့သည်။မုန်တိုင်းဒဏ်ကြောင့်မက္ကစီကိုရှိမြို့ကြီးများတွင်လမ်းနှင့်တံတားများ၊အဆောက်အအုံများပျက်စီးမှုများလည်းဖြစ်ပေါ်ခဲ့သည်။
အကာပူလ်ကိုတွင်ကျူးကျော်လာသောမိကျောင်းသည်ရိုင်းစိုင်းကြမ်းကြုတ်ပြီး၎င်း၏အမြီးကို
ရမ်းခါနေသဖြင့်
လူအများကြောက်လန့်နေသည်ကိုတွေ့ရသည်။မန်နျူရယ်လ်သည်ဟာရီကိန်းအဆင့်ထိရောက်ရှိလာပြီးနောက်
ကမ်းရိုးတန်းအတိုင်း မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့သည်။
မုန်တိုင်းကြောင့် အနည်းဆုံး လူ(၈၀)မျှ သေဆုံးပြီး (၅၈)ဦးထက်မနည်း
ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ဆိုသည်။
အကာပူလ်ကို လေဆိပ်တွင် ကြာသပတေးနေ့က ပြည်ပလေကြောင်း ခရီးစဉ် (၄၉)ခု ပြန်လည်
ပျံသန်းခဲ့သော်လည်း ခရီးသည် (၅၅၀၀၀)မျှ သောင်တင်နေ
ခဲ့ကြာင်းလည်း သတင်းများက ဖော်ပြသွားသည်။
Planet Myanmar Network

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...