ရန်ကုန်၊ စက်တင်ဘာ ၂၁
ရန်ကုန်ဆင်ခြေဖုံး လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းမှု တရားဝင်
ခွင့်ပြုပေးရန် ကျန်စစ်သား
ရပ်ကွက်တွင် လူ ၂၀၀ ကျော်က စက်တင်ဘာ ၂၁ ရက်တွင် တရားဝင်
ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ
ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ ဆိုင်ကယ်ကယ်ရီ မောင်းသူ ဦးလှိုင်ကြီးက
ပြောကြားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ် ကျန်စစ်သားရပ်ကွက်မှ စတင်ကာ
မြို့နယ်အတွင်း ဆိုင်
ကယ်စီးနင်းခွင့် ရရှိရေး၊ ဆိုင်ကယ် စီးနင်းသူများ အကာအကွယ် ပေးရေး၊ တန်းတူ
အရေးယူပေးရေး၊
ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လှိုင်သာယာမြို့နယ် ချမ်းမြေ့သာဇံဘုရားသို့
ဆိုင်ကယ်စီးနင်းသူများ၊
ဆိုင်ကယ် ကယ်ရီသမားများက လမ်းလျှောက်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြသူများထံမှ
သိရှိရသည်။
လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်များကို ဆက်တိုက် ဖမ်းဆီးမှုများကြောင့်
ဆိုင်ကယ်သိမ်းခံရပါက မိ
သားစု စားဝတ်နေရေးကို ထိခိုက်လျက် ရှိကြောင်း ဆိုင်ကယ် ကယ်ရီမောင်းသူ
ဦးလှိုင်ကြီးက ရှင်းပြ
သည်။
“တစ်နေ့မှ ဆီဖိုးနုတ်ပြီးရင် ၃၅၀၀ လောက်ပဲရတာ။ ဖမ်းရင် ဘာနဲ့ ထမင်းစားရမလဲ”
ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့တွင်း စီးနင်းမှု တားမြစ်ထားသည်ကို လက်ခံသော်လည်း
လှိုင်သာယာမြို့နယ်သည် နယ်နိမိတ်
ကျယ်ဝန်းပြီး တစ်နေရာမှ တစ်နေရာသို့ သွားရန် ဆိုင်ကယ် လိုအပ်ချက်
ရှိသောကြောင့် လည်းကောင်း၊
ဆိုင်ကယ်များကို တရားဝင် စီးနင်းခွင့် လိုင်စင်ထုတ်ပေးပြီး စည်းကမ်း
သတ်မှတ်ရန် လိုအပ်သောကြောင့်
လည်းကောင်း ဆိုင်ကယ် စီးခွင့်ပေးရန် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ
တရားလွှတ်တော်ရှေ့နေ ဦးဌေးက
ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...