သံတွဲ၊ စက်တင်ဘာ-၎
ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၌် ဗုဒ္ဓဘုရားရှင်အပေါ် ဆဲဆိုသူ ဘင်္ဂလီ မူဆလင်
တစ်ဦးအား ပြစ်မှုထင်ရှား
သဖြင့် မြို့နယ် တရားရုံးက စက်တင်ဘာလ ၃ရက်နေ့တွင် ထောင်ဒဏ်
၂နှစ်ချမှတ်လိုက်ကြောင်း သိရ
သည်။
အမှုဖြစ်စဉ်မှာ၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ၂၈ရက်နေ့က
နတ်မော်ကျေးရွာအုပ်စု၊သပြုချိုင်ရွာနေ(ဘ) ဦးကျော်
မောင်
၏သားအောင်ကျော်မိုး(၂၉-နှစ်)မှာအရက်သေစာသောက်စားမူးယစ်ကာဗုဒ္ဓဘုရားရှင်အပေါ်
ရိုင်းပြ
ပြင်းထန်စွာ ဆဲရေးတိုင်းထွာခဲ့သဖြင့်
နယ်မြေရွှေလှေရဲစခန်းမှ(ပ)၄၈/၂၀၁၂၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၉၅
-ကအရ ၄င်းအား အမှုဖွင့် အရေးယူခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအုပ် တင်မောင်လွင် တရားလိုပြု၍ ထိုအမှုအား
သံတွဲမြို့နယ်တရားရုံး၌ တရားစွဲ
ဆို ရာတွင်တရားရုံး၏လုပ်ထုံးလုပ်နည်းများနှင့်အညီစစ်ဆေးချက်၊ တရားခံ၏
ဝန်ခံချက်တို့ အရပြစ်မှုကျူး
လွန်ထား ကြောင်းမှာ ထင်ရှားသည်ဖြစ်၍ ဥပဒေ ပုဒ်မ၂၉၅(သာသနာကို အကြည်ညို
ပျက်စေမှု) အရ မြို့
နယ်တရားရုံးက တရားခံအောင်ကျော်မိုးအား အလုပ်နှင့် ထောင်ဒဏ် ၂နှစ်
ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
စီရင်ချက်ချသည့်နေ့တွင် တရားခွင်သို့ ရောက်ခဲ့သူ သံတွဲမြို့ခံတစ်ဦးက
“စီရင်ချက်မှာ တရားခံက မင်း
ဘုရားက ငါ့(xxx)ပဲ။မင်းတို့ကငါ့(xxx)ကို ကိုးကွယ်နေကြတာပဲ။ မင်းတို့ဘုရားက
ကုလားပဲ ဆိုတဲ့ ယုတ်
ညံ့တဲ့ဆဲဆိုမှုတွေ ကိုထပ်ခါတလဲလဲလုပ်ခဲ့တယ်၊ တရားခံ ကိုယ်တိုင်ကလည်း
ဝန်ခံထားတယ်လို့ မြို့နယ်
တရားသူကြီးက ဆိုတယ်”ဟု ပြန်ပြော ပြသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သံတွဲမြို့စည်းကမ်းထိန်း
သိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး ရဟန်းတော်
များအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးကောသလ္လက “ပြဿနာဖြစ်လိုက်တိုင်း
ဖြစ်ရတဲ့အကြောင်းရင်း
ကိုကြည့်ရင် သူတို့ ဘက်ကစတာပဲတွေ့ရလိမ့်မယ်။ ဒါဟာ စနစ်တကျ
လေ့ကျင့်ထားတဲ့စစ်ဆင်ရေးတစ်
ရပ်လိုဖြစ်နေတာမို့ ဗုဒ္ဓဘာ သာဝင် တွေ အထူးကရုစိုက်ဖို့ လိုနေပြီလို့ပဲ
သတိပေးချင်ပါတယ်”ဟု မိန့်ကြား
ခဲ့သည်။
သံတွဲမြို့တွင်ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့်ဘင်္ဂလီမူဆလင်များအနီးကပ်နေထိုင်လျက်ရှိကြသည်ကြောင့်
မတူညီ သော လူမျိုးစုနှစ်ခုကြား တင်းမာမှုများ ရှိနေပြီး၊ ဤအတောအတွင်းဒေသ
မငြိမ်မသက်မှုများ
ကြောင့် ဇွန်လ၃၀ ရက်မှ စ၍ ပုဒ်မ ၁၄၄ အမိန့်ကို ထပ်မံထုတ်ဆင့်ထား ရဆဲဖြစ်
သည်။
RSV
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...