Pages

Saturday, September 21, 2013

သိသိကြီးနဲ့ မှားတဲ့အမှားတော့ “မိုး” ဘဝမှာ မရှိဘူးဆိုတဲ့ မိုးဟေကို

နောင်မှနောင်တ မရတတ်ဘူး။ လူဆိုတာတော့ အမှားနည်းအောင် ကြိုးစားကြတာချည်းပဲ။ အမှားနဲ့တော့မကင်းကြဘူးပေါ့။ အဲဒီထဲမှာ အမှားတွေ လုပ်ခဲ့ရင်လည်း အမှား နည်းအောင် နောင်မှာနောင်တမဲ့ အောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး တော့နေတယ်။ ကိုယ်ကိုယ်တိုင်မသိ လို့မှားခဲ့တဲ့အမှားကို သူများထောက် ပြမှသိတယ်။ ဪ ဒါအမှားလား၊ အဲဒီအချိန်ကျမှသိတယ်။
အမှားဆိုတာတော့ သိသိကြီးနဲ့ မှားတဲ့အမှား မျိုးတော့ မိုးဘဝမှာမရှိဘူး။ မသိလို့ လုပ်ခဲ့မိတယ်ပေါ့။ သိသွားရင် သြော် ဒါမှားသွားပြီဆိုရင် ကိုယ်မှား ရင်မှားတာကို ဝန်ခံဖို့ဝန်မလေးသလို တောင်းပန်ဖို့လည်း ဝန်မလေးတတ်ဘူး။ အနုပညာနဲ့ပတ်သက်ပြီး အရင်လည်း ဒီစိတ်ပဲ။

ကိုယ်လုပ်ချင် တဲ့စိတ်ရှိတဲ့အထိကို အကောင်းဆုံး ဖြစ်အောင်လုပ်တယ်။ Fashion ကိုတော့ အဓိကဦးစားမပေးဘူး Fashion လို့ရတဲ့ ဟာဆိုရင်တော့ Fashion ပြတယ်။ အိုက်တင်ပြ လို့ရတဲ့ဟာဆိုရင်တော့ အဓိကက အိုက်တင်ကိုပဲ နိုင်အောင်ကြိုးစား ပြီးအိုက်တင် ပိုင်အောင်ပဲလုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကလည်း အရမ်းတော်တဲ့အထဲမှာမပါ သေးတော့ အဲဒါကိုပဲအကောင်းဆုံး ပီပြင်အောင်လုပ်နေရတယ်။ ကြိုး စားနေရတယ်။ လတ်တလောမှာ ကိုနေမင်း၊ ဒါရိုက်တာနေသူရိန်တို့ နဲ့ ဗီဒီယိုတစ်ကား ရိုက်နေပါတယ်။


From: Lifestyle

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...