Pages

Tuesday, September 24, 2013

လေယာဉ်ပေါ်တွင် မြွေတွေ့၍ ခရီးစဉ်ကြန့်ကြာခဲ့ရ

ကန်ဘာရာ စက်တင်ဘာ ၂၃
သြစတြေးလျ နိုင်ငံ ဆစ်ဒနီ နိုင်ငံတကာ လေဆိပ်တွင် Qantas လေကြောင်းလိုင်းပိုင် Boeing 747 အမျိုးအစား ခရီး သည်တင် လေယာဉ်တစ်စင်း ပေါ်တွင် ၂ဝ စင်တီမီတာ အရှည်ရှိသော မြွေငယ် တစ်ကောင် တွေ့ရှိခဲ့ပြီးနောက် ၎င်း လေယာဉ်နှင့် လိုက်ပါမည့်ခရီးသည် ၃၇ဝဦးခန့်သည် ဆစ်ဒနီမြို့တွင် တစ်ညတာ ခရီးကြန့်ကြာ ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် စင်ကာပူနိုင်ငံမှ ဆစ်ဒနီလေဆိပ်သို့ ပျံသန်းလာပြီး တိုကျိုမြို့သို့ စက်တင်ဘာ ၂၂ ရက် နှောင်းပိုင်းတွင် ပြန်လည် ထွက်ခွာမည့် လေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်သို့ ခရီးသည်များ မတက်ရောက်မီ မြွေငယ်ကို ဝန်ထမ်း တစ်ဦးက တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
၎င်းမြွေကို ရောဂါ ထိန်းချုပ်ရေး ဌာနမှ ခေါ်ဆောင် သွားခဲ့ပြီးနောက် ခရီးသည်များအား ဆစ်ဒနီမြို့ရှိ ဟိုတယ်များ၌ တစ်ညတာ တည်းခို စေခဲ့ပြီး စက်တင်ဘာ  ၂၃ရက်  နံနက်ပိုင်းတွင်  အခြားလေယာဉ် တစ်စင်းဖြင့် ဆစ်ဒနီ လေဆိပ်မှ  ထွက်ခွာ စေခဲ့ကြောင်း အဆို ပါ လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
 
 
By မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...