မနက်စာ မစားခြင်းဟာ ဦးနှောက် ညံ့ဖျင်းစေတဲ့
အချက်တစ်ခု ဖြစ်တယ်။ မနက်စာ မရှိရင် သွေးကြောထဲမှာ သကြားဓာတ်နိမ့်ကျပြီး
ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရမရှိဘဲ ဦးနှောက် ရဲ့ စွမ်းရည်ကို
ကျဆင်း စေပါတယ်။ လိုတာထက် ပိုစားသောက် ပြန်ရင်လည်း ဦးနှောက်ထဲကိုသွားတဲ့
သွေးလွှတ်ကြောတွေ တင်းမာ စေတဲ့အတွက် ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်း၊
အသုံးပြု နိုင်စွမ်းနဲ့ သိမ်းဆည်းနိုင်စွမ်းတွေကို ကျစေပြန်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ နီကိုတင်းဓာတ်က စိတ်ကို
စွဲလမ်းစေသလို ဦးနှောက်ကို
ကျုံ့စေပြီး အယ်ဇိုင်းမား ရောဂါခေါ် လူ့မှတ်ဉာဏ်နဲ့ စဉ်းစားဆင်ခြင်
နိုင်စွမ်းတွေကို ကျဆင်းစေပါတယ်။
အချိုဓာတ် လွန်ကဲစွာ စားသုံးရင်
ခန္ဓာကိုယ်အတွက် အသုံးပြုတဲ့ ပရိုတိန်းနဲ့ အစာရေ စုပ်ယူနေမှုကို အဟန့်
အတား
ဖြစ်စေပြီး အာဟာရ ချို့တဲ့ကာ ဦးနှောက် ဖွံ့ဖြိုးမှုကို အနှောင့်အယှက်
ဖြစ်စေပါတယ်။
လေထု ညစ်ညမ်းခြင်းဟာ သွေးကြောက တစ်ဆင့် ဦးနှောက်ထဲကိုအောက်ဆီဂျင်
ရောက်ရှိမှု လျော့နည်းစေ လို့ ညစ်ညမ်းတဲ့ လေရှူမိလေလေ ဦးနှောက်ရဲ့
စွမ်းဆောင်ရည် ကျဆင်းလေလေ ဖြစ်တတ်ပါတယ်။
အိပ်ချိန်မှာခေါင်းကို ဖုံးအုပ်ထားရင် ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်
ဆိုက် စုစည်းမှု လျော့ကျစေလို့ ဦးနှောက် ပျက်စီးစေတဲ့ အကျိုးဆက်ကို
ရရှိစေတယ်။
ကျန်းမာရေး မကောင်းချိန်မှာ ဦးနှောက် သုံးရတဲ့ အလုပ် ပြင်းထန်စွာ လုပ်တာ၊
စာကျက်၊စာဖတ်တာတွေ ဟာ ဦးနှောက် စွမ်းဆောင်မှုလျော့ကျစေသလို
ဦးနှောက်ကိုလည်း ပျက်စီးစေတယ်။
နျူရိုတန်စမစ်သာ ယုတ်လျော့မှု လက္ခဏာ စပြတာကို အသက် ၅ဝ နဲ့ ၆ဝ နှစ်
အတွင်းရောက်ရင် တွေ့ရ တတ်ပါတယ်။ မှတ်ဉာဏ် အပြောင်းအလဲမှာ
အက်ဆီတိုင်းကိုလင်းခေါ် ဓာတုပစ္စည်း လျော့ပါးလာတယ်။ အဲဒီတော့''ဆေးဝါးနဲ့
ဓာတ်စာ''စားသောက်ဖို့ လိုလာပြီ။ တချို့လူတွေက စဉ်းစားတွေးခေါ်
ပေးရင်း၊ အာဟာရ စားသုံး ပေးရင်းက မှတ်ဉာဏ် ပြန်ကောင်းလာတယ်။
မှတ်ဉာဏ်လျော့ပါးမှုကို အသက် ၅ဝ နဲ့ ၇ဝ ကြားမှာ တွေ့ရတတ်ပြီး
ဦးနှောက်အတွင်း အကျိတ်တည်ခြင်း၊ ဦးနှောက်သွေးယိုခြင်း ၊သွေးကြော
ပိတ်ဆို့ခြင်း၊ လေဖြတ်ခြင်း၊ သွိုင်းရွိုက်ပုံမှန် မလုပ်ဆောင်နိုင်ခြင်း၊
အရက် စွဲခြင်းနဲ့ ဆိုးဆိုးရွားရွား စိတ်ဓာတ် ကျစေတဲ့ ရောဂါတွေ တွေ့ရ တယ်။
အယ်ဇိုင်းမားနဲ့ ပါကင်ဆွန်နစ်ဇင် ရောဂါ ဦးနှောက် သေခြင်းရောဂါတွေဟာ
ဦးနှောက်ဆဲလ်တွေ ပျက်စီးစေပြီး မိမိနဲ့လည်း ကိုယ့် အသက်၊ ကိုယ့်မွေးနေ့၊
ကိုယ့်လိပ်စာ၊ အလုပ်အကိုင်၊ ဆွေမျိုးနဲ့ လုပ်ငန်းခွင်က မိတ်ဆွေတွေပါ
မေ့ကုန်စေပါတယ်။ ဒီတော့ အမှီအခို လိုလာတယ်။
မှတ်ဉာဏ်
ပုံမှန်ဖြစ်ဖို့ ဆေးလိပ်နဲ့ အရက်ကို ဖြတ်ပါ။ နေ့စဉ် ဗီတာမင် အုပ်စု
ဆေးဝါးနဲ့ခွန်အားဖြည့်ဆေး များ ငှက်သိုက်၊ ဘရင်းကြက်ပေါင်း ရည် သောက်ပါ။
စားပါ။ နေ့စဉ် ပုံမှန်နာရီ ဝက်ခန့်လမ်းလျှောက်ပါ။ ညအိပ်ချိန်ကို ၆ နာရီမှ
၈ နာရီထားပြီး ပုံမှန်အိပ်ပါ။ ပုံမှန်လုပ်ကိုင်ပါ။
မြ၀တီ

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...