ဖိလစ်ပိုင်နိုင်ငံတွင်
အစိုးရတပ်နှင့်MNLF အဖွဲ့ဝင်များအကြား ခြောက်ရက်ကြာ
ပဋိပက္ခဖြစ်ပွားမှုကြောင့် ၅၆ ဦး ထက်မနည်းသေဆုံးခဲ့တဲ့အကြောင်း
မနီလာရှိသတင်းဌာနတစ်ခုကထုတ်ပြန်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘိုအန်ဂါ
ဆိပ်ကမ်းမြို့ကို မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး(MNLF)အဖွဲ့က
ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကိုဓားစာခံအဖြစ်
ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အတွက် ဖိလစ်ပိုင်အစိုးရတပ်တွေနဲ့
တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ မိုရိုအမျိုးသားလွတ်
မြောက်ရေးတပ်ဦးဆိုတာမွတ်ဆလင်အစွန်းရောက်တွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
မွတ်ဆလင်တွေအနေနဲ့ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရသီးခြားပြည်နယ်အဖြစ်တောင်းဆိုနေတာဖြစ်သလို
အခြားတစ်ဖက်မှာလည်း အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်နေပါ တယ်။
တစ်ဖက်မှာတော့တိုက်ပွဲတွေဖြစ်နေ၊ တစ်ဖက်မှာလည်း
ငြိမ်းချမ်းရေးဆွေးနွေးဖို့ပြင်ဆင်လုပ်ဆောင်နေတယ်ဆိုတဲ့
သတင်းတွေကြားသိရတော့ သြော်…မြန်မာပြည်က KIO/KIA
အဖွဲ့အစည်းနဲ့တူလှချည်လားလို့ သုံးသပ်မိပါတယ်။
ကချင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့KIA အနေနဲ့
တကယ်တန်းငြိမ်းချမ်းရေးယူလိုတဲ့ဆန္ဒရှိရင် ကချင်ပြည်နယ် အတွင်းမှာ
တိုက်ပွဲတွေဖြစ်အောင်မဖန်တီးသင့်ပါဘူး။ အစိုးရတပ်တွေကKIA
စခန်းတွေကိုလာရောက်တိုက်ခိုက်လို့ တိုက်ပွဲတွေဖြစ်ရတယ်ဆိုရင်
KIAကိုအပြစ်မပြောလိုပါဘူး။အခုကျတော့ တစ်ဖက်မှာလဲ
နိုင်ငံတော်အစိုးရရဲ့ငြိမ်းချမ်းရေး
အဖွဲ့နဲ့ကချင်KIAအဖွဲ့ငြိမ်းချမ်းရေးတွေအကြိမ်ကြိမ်ဆွေးနွေးနေစဉ်မှာပဲ
သူ့လမ်းသူသွားနေတဲ့ တပ်မတော်စစ်ကြောင်းကို
ခြုံခိုတိုက်လိုက်တာဟာပြည်သူတွေအတွက် အပြစ်ပြောစရာဖြစ်နေပါတယ်။
နှစ်ဖက်စစ်သားတွေစစ်တိုက်ကြတာအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် တပ်မတော်အနေနဲ့
ငြိမ်းချမ်းရေးကိုအလေးထားပြီး ကိုယ့်လမ်းကိုယ်သွားနေတဲ့အချိန်မှာအလစ်
အငိုက်ဝင်တိုက်တာမျိုးကတော့ KIA တပ်တွေအနေနဲ့ မလုပ်သင့်တဲ့
လုပ်ရပ်ဖြစ်ပါတယ်။
ပိုဆိုးတဲ့ဖြစ်ရပ်ကတော့ KIA တပ်ဖွဲ့ဝင်တွေဟာ
မွတ်ဆလင်အစွန်းရောက်တွေလုပ်နည်းအတိုင်း ခေါင်းဖြတ် သတ်တာမျိုးကျတော့
အကျည်းတန်လှတဲ့အပြင် ပြည်သူတွေအနေနဲ့
ဘယ်လိုမှလက်ခံနိုင်စရာမရှိတဲ့လုပ်ရပ်ဖြစ်ပါတယ်။ KIA ခေါင်းဆောင်တွေအနေနဲ့
လိုင်ဇာလိုနေရာမျိုးမှာ မွတ်ဆလင်ညီအစ်ကိုအဖွဲ့တွေကို လက်ခံထားတယ်ဆိုတဲ့
သတင်းတွေပြည်သူတွေအကြားမှာပျံ့နှံ့နေတာကြာပြီဖြစ်ပေမယ့်
အတည်မပြုနိုင်ခဲ့သေးပါဘူး။ ပူတာအိုခရိုင် မချမ်းဘော
မြို့နယ်မှာဖြစ်ပျက်ခဲ့တဲ့ KIA ရဲ့ ယုတ်မာရက်စက် လူသားမဆန်တဲ့လုပ်ရပ်က KIA
တပ်ဖွဲ့မှာ မွတ်ဆလင်တွေရှိနေပြီ ဆိုတာကို ပြလိုက်တာဖြစ်ပါတယ်။ KIA အနေနဲ့
ငြိမ်းချမ်းရေးကိုဘယ်တော့မှရယူမှာမဟုတ်ဘဲ အချိန်ဆွဲပြီး တိုက်ပွဲတွေ
ဖြစ်အောင်ဖန်တီးမယ်၊ ပြီးရင်လုပ်နေကျအတိုင်း
လူသတ်၊မိုင်းထောင်၊ဖောက်ခွဲဖျက်ဆီးရေးတွေကို လုပ်မှာပဲဆိုတဲ့ ဝေဖန်
သူတွေရဲ့ သဘောထားမှတ်ချက်ဟာ အမှန်ပဲဆိုတာကိုပြလိုက်ခြင်းလဲဖြစ်ပါတယ်။
အခုအခါမှာတော့ ကချင်တပ်မတော်(KIA) ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေဟာ
မြန်မာ့တပ်မတော်အတွက်သာ မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးအတွက်
ကြီးမားလှတဲ့ အန္တရာယ်တစ်ခုဖြစ်လာနေပြီဆိုတာကို မီးမောင်းထိုးပြလိုက်ခြင်းပဲ
ဖြစ်ပါတယ်။ မွတ်ဆလင်ကုလားတွေဟာ ရခိုင်ဘက်ကနေ သီးခြားပြည်နယ်တောင်းဆိုဖို့
မဖြစ်နိုင်တော့တဲ့အခြေအနေမို့
ကချင်ဘက်ကနေလှည့်ဝင်နေတာဖြစ်ပါတယ်။အစွန်းရောက်မွတ်ဆလင်တွေဝင်ရောက်လာရင်တော့
ဒေသခံတွေကလဲ လက်ခံမှာမဟုတ်ပါဘူး။ KIA ဟာ ကိုယ့်သေတွင်း
ကိုယ်တူးနေသလိုဖြစ်နေပါပြီ။ ကချင်လူမျိုးအများစုကလဲ KIA ဟာ
ကချင်လူမျိုးအားလုံးကိုကိုယ်စားပြုတာမဟုတ်ပါဘူးလို့ တွေးမြင်လာနေသလို
မွတ်ဆလင်တွေနဲ့ပူးပေါင်းလိုက်တာကိုလဲ
ကြီးမားတဲ့အမှားတစ်ခုလို့မြင်နေကြပါတယ်။
တပ်မတော်ဘက်ကတော့
သူတို့ရဲ့ထုတ်ပြန်ကြေညာချက်ဟာ သဘောထားပျော့ပြောင်းလွန်းနေပါတယ်။
ကိုယ့်ဆီကအရာရှိတစ်ယောက်ကို
ရက်စက်စွာသတ်ဖြတ်ခဲ့သည့်လူသတ်မှုကျူးလွန်တဲ့အဖွဲ့ကို တရားဥပဒေနဲ့အညီ
အရေးယူဖို့မချမ်းဘောမြို့နယ်ရဲတပ်ဖွဲ့စခန်းမှာ
အမှုဖွင့်လှစ်ထားရှိတယ်လို့ပဲဆိုပါတယ်။ ပြည်သူတစ်ယောက်နဲ့ပြောရရင် KIA
စခန်းတွေကို အမြစ်ပြတ်သွားအောင် တပ်မတော်အနေနဲ့တိုက်သင့်ပါတယ်။
သမ္မတတို့ငြိမ်းချမ်းရေးအဖွဲ့တို့က လူပီသစွာ ငြိမ်းချမ်းရေးစကား
ပြောဆိုပေမယ့် KIA ဆိုတာ လူလိုသိတဲ့အဖွဲ့မဟုတ်ပါဘူး။
ဒီမိုကရေစီအစိုးရတက်လာပြီး ကတည်းက ငြိမ်းချမ်းရေးစကားပြောနေခဲ့တာပါ။ KIA သာ
ငြိမ်းချမ်းရေးလုပ်ချင်စိတ်ရှိရင် ကချင်ပြည်နယ် တစ်ခုလုံး
ငြိမ်းချမ်းနေတာကြာပါပြီ။ လက်နက်ကိုင်ပဋိပက္ခတွေရှိနေသရွေ့
ရာနှုန်းပြည့်ဒီမိုကရေစီနိုင်ငံဖြစ်မှာမဟုတ်ပါဘူး။ မြန်မာ
နိုင်ငံတစ်ဝန်းလုံး ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေတာဖြစ်တဲ့အတွက်
လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းစဉ်ကို
ရဲရဲဝံ့ဝံ့လျှောက်လှမ်းဖို့လိုအပ်တဲ့အကြောင်းကမ္ဘာ့ဒီမိုကရေစီနေ့မှာအမျိုးသား
လွှတ်တော် ဥက္ကဋ္ဌက မီးမောင်းထိုးပြခဲ့ပါတယ်။
...
www.MyanmarExpress.net

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...