မြေတူးစက်ယန္တရား ဘက်ဟိုးနှင့် မော်တော်ကားအပါအ၀င်
သူပိုင်ဆိုင်သည့်ပစ္စည်းများ ချန်ထားခဲ့ပြီး
ရွာမှထွက်ပြေးရန် နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်ရသည်။
မိသားစုနှင့် သူ့ဘ၀ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် နေအိမ်၊ မြေယာနှင့်
ဥစ္စာပစ္စည်းအားလုံးစွန့်
ခွာကာ ထွက်ပြေးမှဖြစ်တော့မည်ဟု ဦးစိုင်းလျန် သေသေချာချာ နားလည်လိုက်သည်။
အနာဂတ်အတွက် မျှော်လင့်အားကိုးစရာ တစ်စုံတစ်ရာမရှိသော်လည်း
အသက်ဆက်ရှင်နိုင်ရေးအတွက်
ရွာမှထွက်ပြေးခြင်းမှတစ်ပါး သူတို့တွင် အခြားရွေးချယ်စရာလမ်း မရှိတော့ပါ။
တ၀ုန်းဝုန်းဖြင့် ပေါက်ကွဲနေပြီး ဆက်တိုက်ပစ်လွှတ်နေတတ်သည့်
လက်နက်ကြီးများပစ်ခတ်သံများက
သူတို့ရွာကို မီးလောင်တိုက်သွင်းပြာချတော့မည်ဟု ဦးစိုင်းလျန် ယုံကြည်သည်။
အသက်မသေမီ တိုက်
ပွဲများနှင့်ဝေးရာဆီသို့ မိသားစုကိုဦးဆောင်ကာ ထွက်ပြေးလာခဲ့သည်။
သေနတ်သံနှင့် လက်နက်ကြီး
ပေါက်ကွဲသံများ တဖြည်းဖြည်းဝေးကျန်ရစ်ခဲ့သည်။
လွန်ခဲ့သည့် ၂၀၀၂ ခုနှစ် မေလအတွင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း
မိုင်းတုံမြို့နယ်အတွင်း မြန်မာအစိုး
ရစစ်တပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်မတီ ရှမ်းပြည်တပ်မတော်
(RCSS/SSA)တပ်များ
ကြား ပြင်းထန်သည့်တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း နှစ်ဖက်တပ်များ ပစ်ခတ်သည့် သေနတ်ကျည်ဆန်နှင့်
လက်နက်ကြီးကျည်ဆန်များထိ
မှန်ကာ ဒေသခံရွာသားအချို့ သေဆုံးခဲ့ပြီး နေအိမ်မီးလောင်ပျက်စီးမှုများ
ရှိခဲ့သည်။ ၎င်းတိုက်ပွဲများ
ကြောင့် မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ
ဒေသခံမိသားစုပေါင်းများစွာသည် ရပ်ရွာများကိုစွန့်ခွာ
ကာ အသက်လုထွက်ပြေးခဲ့ရသည်။ နေရပ်စွန့်ခွာထွက်ပြေးသည့်
မိသားစုပေါင်းများစွာတွင် ဦးစိုင်းလျန်
တို့မိသားစုလည်း ပါဝင်ခဲ့သည်။
သူတို့မိသားစု အသက်လုထွက်ပြေးခဲ့ရသည့်အကြောင်းကို
အချိန်ဆယ်နှစ်ကျော်ကြာပြီးနောက် အသက်
၆၀ အရွယ် ဦးစိုင်းလျန်က ပြန်လည်ပြောပြနေခြင်းဖြစ်သည်။
ထွက်ပြေးလာပြီးနောက် ထိုင်း-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်နှင့်
တစ်မိုင်ကျော်ခန့်ဝေးသည့် ထိုင်းနိုင်ငံ
အတွင်း တောင်ကုန်းတစ်ခုပေါ်တွင် နေထိုင်ခဲ့ကြသည်။
အခြားထွက်ပြေးလာသူများနှင့် စုပေါင်းကာ
တောင်ကုန်းကို ကုန်းကျော်ရွာအဖြစ် အမည်ပေးခဲ့ပြီး ၂၀၀၂ ခုနှစ်မှစတင်ကာ
ယနေ့အထိ ဆယ်နှစ်ကျော်
ကြာ နေထိုင်လျက်ရှိသည်။
“တိုက်ပွဲတွေကြောင့် ကျွန်တော်တို့ ရွာမှာဆက်နေလို့မရတော့ဘူး။
ထွက်ပြေးရတယ်။ တခြားပြေးစရာနေ
ရာကလည်း မရှိတော့ နယ်စပ်ကိုကျော်ပြီး ထိုင်းဘက်ကို ပြေးလာကြတယ်”ဟု
ဦးစိုင်းလျန်ကပြောသည်။
တိုက်ပွဲမှ ကျည်ဆန်များကြောင့် ဒေသခံရွာသူရွာသားများ ထိခိုက်သေဆုံးမှု၊
ပျက်စီးဆုံးရှုံးမှုများရှိခဲ့သလို
ရှမ်းလူမျိုးအများစုဖြစ်သည့် ဒေသခံများကိုလည်း SSA အား ကူညီထောက်ပံ့နေသည်ဟု
မြန်မာစစ်တပ်က
ထင်မြင်ယူဆကာ ရန်ပြုမှုများရှိခဲ့သည်ဟု ဦးစိုင်းလျန်ကဆိုသည်။
“ကျွန်တော်တို့ စစ်ကိုကြောက်တယ်။ ပိုပြီးတော့တောင် စစ်နဲ့မပတ်သက်ချင်ဘူး”ဟု
အသက် ၆၀ အရွယ်
ဦးစိုင်းလျန်က တိုက်ပွဲများကြောင့် မြေစာပင်ဖြစ်ခဲ့ရသည့်အကြောင်းကို
ပြောပြသည်။
အိမ်ခြေတစ်ရာကျော်ရှိသည့် ကုန်းကျော်ရွာလယ်ပိုင်းရှိ ၎င်း၏နေအိမ်ရှေ့
မြေကွက်လပ်တွင်ထိုင်ကာ
လွန်ခဲ့သည့်ဆယ်နှစ်ကျော်က အကြောင်းအရာအချို့ကို
ကုန်းကျော်ရွာအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်
(သူကြီး)အဖြစ် တာဝန်ယူထားသည့် ဦးစိုင်းလျန်က ပြန်လည်ပြောပြနေခြင်းဖြစ်သည်။
လက်ရှိတွင်မူ ကုန်းကျော်ရွာသည် စစ်ကြောင့်ထွက်ပြေးလာသည့် ရှမ်းဒုက္ခသည်များ
စုပေါင်းနေထိုင်
သည့် မြန်မာနိုင်ငံပြင်ပမှ တစ်ခုတည်းသော ရှမ်းဒုက္ခသည်စခန်းအဖြစ်
တည်ရှိနေသည်။ မြန်မာ-ထိုင်း
နယ်စပ်နှင့် တစ်မိုင်ကျော်ခန့်သာဝေးပြီး ထိုင်းနိုင်ငံချင်းမိုင်ခရိုင်
ဝမ်ဟဲန်မြို့နယ်အတွင်းတည်ရှိသည်။
ကုန်းကျော်ရွာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်းမှ
ပန်ပံ့ကော်ရွာ၊ ပန်ဟော့ရွာ၊ ဟွေ
ရောက်ရွာနှင့် ပန်မိုင်ဆုံရွာဟူသည့် ရွာလေးရွာမှ စစ်ပွဲကြောင့်
နေရပ်စွန့်ခွာထွက်ပြေးလာသူများ စုစု
ပေါင်း လူ ၄၀၀ ကျော် နေထိုင်လျက်ရှိပြီး မိသားစု ၁၃၄ စုရှိသည်ဟု
ရွာသူကြီးဦးစိုင်းလျန်ကပြောသည်။
ကုန်းကျော်ရွာ၏ ရွာလယ်မြေနီလမ်းမပေါ်မှ ကြည့်လိုက်လျှင် ထိုင်းစစ်တပ်၊
မြန်မာစစ်တပ်နှင့် ရှမ်းစစ်
တပ် (RCSS/SSA)များ တပ်စွဲထားသည့် တောင်ကုန်းများကို မြင်နေရသည်။
ကုန်းကျော်ရွာရှိ နေအိမ်
အဆောက်အအုံအများစုသည် ဓနိမိုး၊ ၀ါးကပ်ကာ အဆောက်အအုံများဖြစ်သည်။
စစ်ပွဲကြောင့် ရပ်ရွာစွန့်ခွာထွက်ပြေးသူ ရှမ်းဒုက္ခသည်အများစုမှာ RCSS/SSA
ထိန်းချုပ်နယ်မြေဖြစ်
သည့် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်တိုင်းလျင်ဒေသတွင် နေထိုင်ကြသည်။
RCSS/SSA မှ လုံခြုံရေး
ပေးထားပြီး လွိုင်တိုင်းလျန်ဒေသတွင် စခန်းငါးခုဖွင့်လှစ်ကာ နေထိုင်နေသည့်
ရှမ်းစစ်ပြေးဒုက္ခသည်
ခြောက်ထောင်ခန့်ရှိသည်ဟု ၎င်းတို့ကိုကူညီပေးနေသည့် ရှမ်းအမျိုးသမီးများကွန်ရက်
SWAN ကဆို
သည်။
ထွက်ပြေးလာသူတို့အတွက် အဓိကအခက်အခဲမှာ ထိုင်းအစိုးရက တရားဝင်ဒုက္ခသည်အဖြစ်
အသိအ
မှတ်မပြုခြင်းပင်။ ထိုင်းနိုင်ငံအတွင်း ကုန်းကျော်ရွာတွင်
ဆယ်နှစ်ကျော်ကြာနေထိုင်ခဲ့သော်လည်း ယနေ့
အချိန်ထိ ထိုင်းအစိုးရက တရားဝင်ဒုက္ခသည်စခန်းအဖြစ် အသိအမှတ်ပြုခြင်းမရှိဘဲ
ယာယီဒုက္ခသည်စ
ခန်းအနေဖြင့်သာ နေထိုင်ခွင့်ပေးထားသည်။
မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အတင်းအကျပ်
နေရပ်ပြန်ပို့ခြင်းမရှိ
သော်လည်း ယာယီဒုက္ခသည်စခန်းအဖြစ်သာ သတ်မှတ်ထားသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမ
ဟာမင်းကြီးရုံး(UNHCR) အနေဖြင့်လည်း ကုန်းကျော်ရွာသားများကို
တရားဝင်ဒုက္ခသည်အဖြစ် အသိအ
မှတ်ပြုပေးခြင်းမရှိပါ။
ကုန်းကျော်ရွာသူ၊ ရွာသားများထံတွင် ထိုင်းအစိုးရနှင့် UNHCR မှ
ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသည့်
သက်သေခံလက်မှတ် တစ်စုံတစ်ရာမရှိသလို မြန်မာနိုင်ငံအတွင်း
နေထိုင်ခဲ့စဉ်ကလည်း နယ်မြေမငြိမ်း
ချမ်းမှုများနှင့် ဒေသခံအများစု မြန်မာစကား ပြောနိုင်ခြင်းမရှိသည့်အတွက်
မြန်မာနိုင်ငံသားမှတ်ပုံတင်
လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ဦးစိုင်းလျန်ကပြောသည်။
ထိုင်းနိုင်ငံအတွင်း ကုန်းကျော်ရွာတွင် နေထိုင်နေသော်လည်း
ဝမ်ဟဲန်မြို့နယ်မှအပ အခြားနေရာများ
သွားခွင့်မရှိပါ။ ၀မ်ဟဲန်မြို့နယ်အပြင်ဘက် ထိုင်းနိုင်ငံအတွင်း
အခြားနေရာများ သွားရောက်လိုလျှင်
ထိုင်းအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံရသည်ဟု ဦးစိုင်းလျန်ကပြောသည်။
စားဝတ်နေရေးအတွက် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများမှလွဲ၍
ကုန်းကျော်ရွာသားများမှာ အနီး
ဝန်းကျင်ရှိ ငရုတ်စိုက်ခင်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်
နေ့စားအလုပ် ၀င်ကြသည်ဟုဆို
သည်။
လက်ရှိတွင် ကုန်းကျော်ရွာသားများ၏ စားဝတ်နေရေး၊ ပညာရေးနှင့်
ကျန်းမာရေးအတွက် TBC နှင့်
အခြားနိုင်ငံတကာ NGO များ၊ ထိုင်းနိုင်ငံအခြေစိုက် ရှမ်း NGO အဖွဲ့များမှ
ထောက်ပံ့ပေးမှုများ ရှိနေ
သည်။ TBC မှ တစ်ဦးစီအတွက် ဆန် ၁၂ ကီလို၊ ဆီ၊ ဆားနှင့် မီးသွေးများ
လစဉ်ထောက်ပံ့ပေးနေ
သည်ဟု ဦးစိုင်းလျန်ကပြောသည်။
သို့သော်လည်း နိုင်ငံသားမှတ်ပုံတင်မရှိခြင်းနှင့် ဒုက္ခသည်အဖြစ်
အသိအမှတ်မပြုခြင်းတို့ကြောင့် နိုင်ငံ
မဲ့ဖြစ်မည့်အရေးနှင့် ကလေးငယ်များ၏ အနာဂတ်အတွက်
အလွန်စိုးရိမ်စိတ်ဖြစ်မိသည်ဟု ဦးစိုင်းလျန်
ကပြောသည်။
ကုန်းကျော်ရွာမှ ကလေးငယ်အများစုမှာ အနီးနားရှိ ထိုင်းကျေးရွာများမှ
ထိုင်းစာသင်ကျောင်းများတွင်
သွားရောက်ပညာသင်ကြားနေသော်လည်း အဆင့်မြင့်ပညာများကို သင်ကြားနိုင်ရန်
ခက်ခဲနေသည်ဟု
ကုန်းကျော်ရွာမှ ကျောင်းသားမိဘများကပြောသည်။ ထိုင်းပညာရေးစနစ်
သင်ရိုးညွှန်းတမ်းအတိုင်း
အခြေခံနှင့် အထက်တန်းပညာများကို အနီးနားရှိ ထိုင်းကျေးရွာကျောင်းများတွင်
တက်ရောက်ပညာ
သင်ယူနိုင်သော်လည်း ထိုင်းအစိုးရအသိအမှတ်ပြု ဘွဲ့တစ်ခုခုရရှိရေး
တက္ကသိုလ်တက်ရန်မှာ နိုင်ငံသား
သက်သေခံ အထောက်အထားမရှိသည့်အတွက် တက်ခွင့်ရရန် အလွန်ခက်ခဲသည်ဟု
ကုန်းကျော်ရွာမှ
ကျောင်းသားမိဘ ဒေါ်နန်းဦးကပြောသည်။
ဒေါ်နန်းဦးတွင် အသက်(၁၈)နှစ်အရွယ် သားတစ်ယောက်ရှိပြီး
ထိုင်းပညာရေးအလယ်တန်းအဆင့် ပြီး
သော်လည်း ထိုင်းတက္ကသိုလ်တက်ဖို့ အခွင့်အရေးမရှိသလိုဖြစ်နေသည်။
မြန်မာနိုင်ငံပြန်ဖို့လည်း သူက
မြန်မာစကားမပြောတတ်တော့ပါ”ဟု ဒေါ်နန်းဦးက သား၏ပညာသင်ကြားရေးနှင့်ပတ်သက်ပြီး
ပြော
သည်။
ဆယ်နှစ်ကျော်ကြာ အခွင့်အရေးတစ်စုံတစ်ရာမရှိဘဲ နေထိုင်ခဲ့ရသလို
မျိုးဆက်သစ်များ၏ အနာဂတ်
အတွက် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ဆုတောင်းမိသည်ဟု
ဦးစိုင်းလျန်ကဆိုသည်။ သို့
သော် ငြိမ်းချမ်းမှုမရှိသေးချိန် အတင်းအကျပ်ပြန်ပို့လျှင် လက်ရှိဘ၀ထက်
ပိုမိုအခက်အခဲဖြစ်မည်ကို
စိုးရိမ်သည်ဟု ဦးစိုင်းလျန်ကပြောသည်။
မူလနေရာဖြစ်သည့် မိုင်းတုံမြို့နယ်တွင်းမဟုတ်ဘဲ မိန်းထား(မိန်းတော့)
ဒေသသို့ ပြန်ပို့ပေးမည်ဟု
သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍လည်း ၎င်းနေရာသည် ဘိန်းစိုက်ပျိုးမှုနှင့်
ဆက်နွှယ်သည့်
ဒေသတစ်ခုဟု နာမည်ထွက်နေရာ သူတို့အားလုံး ဘိန်းသံသရာတွင်
နစ်မြုပ်သွားမည်ကိုစိုးရိမ်ကြောင်း၊
မိန်းထား(မိန်းတော့) ဒေသသည် လက်နက်ကိုင်တပ်ဖွဲ့ များပြားသည့်ဒေသဖြစ်ပြီး
မြေမြှုပ်မိုင်းအန္တ
ရာယ်မှာလည်း စိုးရိမ်ရသည့်အနေအထားဖြစ်ကြောင်း ဦးစိုင်းလျန်ကဆိုသည်။
လွန်ခဲ့သည့် ဇူလိုင်လအတွင်းက ကုန်းကျော်ဒုက္ခသည်စခန်းသို့ ထိုင်းရဲနှင့်အတူ
တာချီလိတ်မှ ရဲအရာ
ရှိနှစ်ယောက် ရောက်ရှိလာပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှဟုပြောကာ
နေရပ်ကိစ္စ ပြောဆိုဆွေး
နွေးသည်ဟု ဦးစိုင်းလျန်ကပြန်လည်ပြောပြသည်။ ၎င်းရက်သတ္တပတ်အတွင်းမှာပင်
ရှမ်းပြည်နယ် မုန်း
တော့ဒေသမှ စစ်ဗျူဟာမှူးလည်း ကုန်းကျော်ရွာသို့ရောက်လာပြီး
လူဦးရေစာရင်းမေးမြန်းကာ နေရပ်
ပြန်ရေးနှင့် နေအိမ်များဆောက်လုပ်ပေးပြီး ပြန်လည်နေရာချထားရေး
လုပ်ဆောင်နေမှုများအကြောင်း
ပြောဆိုသွားသည်ဟုဆိုသည်။
အမှန်တကယ် နေရပ်ပြန်နိုင်သည့် အခြေအနေအထိ မရောက်သေးဘဲ အတင်းအကျပ်
နေရပ်ပြန်ပို့
မည်ကို စိုးရိမ်နေသည်ဟု ဦးစိုင်းလျန်ကပြောသည်။ ။
ရေးသားသူ- မောင်တာ
7Day News Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...