ကန်ကြီး ထောင့်မြို့နယ်အပိုင် ရှမ်းငူကျေး ရွာအနီးမှ ငဝန်မြစ်ထဲတွင် ခရီး
သည်တင် ရှပ်ပြေးသင်္ဘောနှင့်
စက်တပ် ပဲ့ထောင်လှေတို့ တိုက်မိ ရာ ပဲ့ထောင်တွင် ပါလာသည့် အ မျိုးသမီး
တစ်ဦး ရေထဲပြုတ်ကျ၍
ပျောက်ဆုံးနေကြောင်း သိရသည်။
ပုသိမ်ခရိုင် ငပုတောမြို့ နယ် သင်္ကန်းကုန်းကျေးရွာမှ ပု
သိမ်မြို့သို့ပြေးဆွဲသော နဒီရွှေစင် အမည်ရှိ ရှပ်
ပြေးခရီးသည်တင် သင်္ဘောနှင့် သာပေါင်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာမှ အိမ်
မဲမြို့သို့သွားရန်
မောင်းနှင်လာ သည့် စက်တပ်ပဲ့ထောင်လှေတို့ တိုက်မိခြင်းဖြစ်ပြီး စက်လှေပေါ်
တွင်ပါရှိသူများထဲမှ မချို
ချိုအေး ၂၅နှစ်(ဘ)ဦးဘကျိုး၊ ကျောက် စရစ်ကုန်းကျေးရွာ သာပေါင်းမြို့
နယ်နေသူမှာ မြစ်အတွင်းပြုတ်
ကျပြီး ပျောက်ဆုံးလျက်ရှိသည် ဟုသိရသည်။
ရေယာဉ်မောင်း (ဆလင်) ဦးဝင်းကို ၃၂နှစ် (ဘ)ဦးစိန်မောင် မောင်းနှင်လာသော
နဒီရွှေစင် ခရီးသည်
တင်ရှပ်ပြေးသင်္ဘောပေါ် တွင် ခရီးသည် ၄ဝကျော်ခန့်လိုက် ပါလာသည်ဟုသိရပြီး
ဦးတီတွတ် (ခ)သား
ငယ် အိမ်မဲမြို့နေသူ မောင်းနှင်လာသော ပဲ့ထောင်စက် လှေပေါ်တွင်လိုက်ပါလာသည့်
ခရီး သည်ငါးဦး
အနက် မောင်ကောက ဖော ၁၆နှစ်(ဘ)ဦးဘီရှီ အိမ်မဲ မြို့နယ်နေသူမှာ နဖူး၊ ပါး၊
ရင် အုံ၊ ဒူးခေါင်းတို့တွင်
ပေါက်ပြဲဖူး ရောင်၍ နာကျင်ဒဏ်ရာများရရှိ သည်ဟုသိရပြီး မချိုချိုအေး တစ်
ဦးတည်းသာ ရှပ်ပြေးသ
င်္ဘောနှင့် တိုက်မိစဉ် ပဲ့ထောင်ပေါ်မှရေထဲ သို့ပြုတ်ကျကာ ပျောက်ဆုံးနေဆဲ
ဖြစ်သည်ဟု အဆိုပါပဲ့ထောင်
တွင်ပါလာသူများ၏ ပြောပြချက် အရ သိရသည်။
စက်လှေနှင့် ရှပ်ပြေးသင်္ဘော တိုက်မိသည့် မြစ်ကမ်းအနီး ရှမ်း ငူကျေးရွာနေ
အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းကို
ဆက်သွယ်မေးမြန်း ရာတွင် ''စက်လှေနဲ့ ရှပ်ပြေးသင်္ဘော တိုက်တာ
ကျွန်တော်တို့ရွာဘေး က ငဝန်မြစ်ထဲ
မှာပါ။ ချက်ချင်းပဲ ရွာကလူတွေထွက်ပြီး ကူညီပါတယ်။ ရေထဲရောက်နေတဲ့ယောက်ျား
လေးဦးကိုတော့
ကယ်လိုက်နိုင် တယ်။ အမျိုးသမီးတစ်ဦးကိုတော့ ရှာမတွေ့တော့ဘူး''ဟုဆိုသည်။
ရှပ်ပြေးသင်္ဘောပိုင်ရှင် ဦး မျိုးမင်းထက်၊ ရေယာဉ်မောင်း ဦးဝင်းကိုနှင့်
ပဲ့ထောင်စက်လှေ ပေါ်တွင်လိုက်ပါ
လာသည့် ဦးဘီရှဲ အပါအဝင် ဩဂုတ် ၂၉ရက်အ ထိ ပုသိမ်မြို့ အသည်ကြီးမြို့မ
ရဲစခန်းတွင် ခေတ္တထိန်း
သိမ်းထား ပြီးနောက် ကန်ကြီးထောင့်မြို့ နယ်၊ ကံရွာရဲစခန်းသို့ လွှဲပြောင်း
ပေးခဲ့သည်ဟုသိရပြီး ကံရွာရဲ
စခန်း မှ ရှပ်ပြေးယာဉ်မောင်း ဦးဝင်းကို နှင့် ပဲ့ထောင်စက်လှေမောင်း
ဦးတီတွတ်(ခ)သားငယ်တို့ကို ဩ
ဂုတ် ၃ဝရက်က(ပ) ၁၆/၂၀၁၃ ပုဒ်မ ၂၈၀၊ ၃၃၇၊ ၃၀၄(က)တို့ဖြင့်
အမှုဖွင့်အရေးယူထားသည်ဟု သိရ
သည်။
စိုးမိုး၊ ပုသိမ်၊ စက်တင်ဘာ(၂)
Yangon Media Group

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...