Pages

Saturday, September 21, 2013

ဆိုင်ကယ် ကယ်ရီသမား ၂၅၀ ဆန္ဒပြမည်

လှိုင်သာယာ၊ စက်တင်ဘာ ၂၀။
လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းမောင်းနှင်သူများအား ဖမ်းဆီးအရေးယူတော့မည့်အကြောင်း
ကို ပြီးခဲ့သည့်လက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဆိုင်ကယ်ကယ်ရီသမား အယောက်(၂၅၀)မှ စက်တင်
ဘာလ (၂၁)ရက်နေ့တွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီမှာက အလုပ်သွား အလုပ်ပြန်သူတွေအတွက် ဆိုင်ကယ်ကယ်ရီ လိုအပ်ပါတယ်၊ ကားမှတ်တိုင်နဲ့ ဝေးတဲ့
နေရာတွေကို ဆိုင်ကယ်နဲ့ပဲ ပြန်ကြရတာလေ အခုလို ပိတ်ပင်လိုက်တော့ သူတို့အတွက် အခက်တွေ့သလို
ကျွန်တော်တို့လည်း စားဝတ်နေရေးအတွက် ဒုက္ခရောက်ရတယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့် ကိုဆန်းဦး
က ပြောကြားသည်။

သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုချက် ရရှိထားပြီဖြစ်သော ယင်းဆန္ဒပြပွဲတွင် မြို့နယ်အတွင်း ဆိုင်ကယ်စီး
နင်းခွင့် ရရှိရေး၊ အကောက်အခွန်မဲ့ ဆိုင်ကယ်ရောင်းချသူများအား အရေးယူပေးရေး စသည့် အချက်
(၁၀)ချက်ကို တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်စီးနင်းမောင်းနှင်သူများကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈/၁ အရ ထောင်ဒါဏ်(၃)နှစ် ချမှတ်
မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရပ်ကွက်အသီးသီးတွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ယင်း
သို့ ကြေညာခဲ့ပြီးနောက်ပိုင်း ဖမ်းမိသည့် ဆိုင်ကယ်များကို သိမ်းဆည်းမှုများ ဆက်တိုက်ပြုလုပ်လျက်
ရှိကြောင်းလည်း ကိုဆန်းဦးက ပြောကြားသည်။

“လူကိုတော့ မဖမ်းသေးပေမယ့် စီးတာတွေ့တာနဲ့ ဆိုင်ကယ်တွေကို တစ်ခါတည်း သိမ်းသွားတယ်၊ ဒီ
နေ့အထိ ဖမ်းနေတုန်းပဲ”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ဆန္ဒပြပွဲအတွက် အချိန် လေးနာရီ ခွင့်ပြုချက် ရရှိထားပြီး ၂၁ရက်နေ့ မနက် (၉)နာရီမှ စတင်
ကာ လှိုင်သာယာ အောက်ထိပ်မှတ်တိုင်မှ အောင်မြေသာယာဘုရားဝင်းအထိ စီတန်းလှည့်လည် သွား
မည်ဖြစ်ကြောင်း သိရသည်။

ထက်နောင်နောင်

The Myanma Age by မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...