ဆွမ်းသပိတ်
အဖုံးကျကွဲမှုကို အလျော်ပေးရန် ငြင်းဆန်၍ အငြင်းပွားရာမှ ပဋိပက္ခ
ဖြစ်ပွားခဲ့သော ဥက္ကံမြို့၌ အကြမ်းဖက်မှုများတွင် ပါဝင်မှုဖြင့်
အမျိုးသားနှစ်ဦးကို စက်တင်ဘာလ ၂၃ ရက်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၄/၃၄
အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့ကြောင်း တိုက်ကြီးမြို့နယ်
တရားရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ပဋိပက္ခ ဖြစ်စဉ်နှင့်
ပတ်သက်၍ ပါဝင်သူ သုံးဦးကို သြဂုတ်လ ၂၃ ရက်နေ့တွင်
အမိန့်ချမှတ်ခဲ့ပြီးနောက် ယခုပစ်ဒဏ်ချမှတ်ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး
ဥက္ကံမြို့ ဂုံညင်းတန်း ကျေးရွာနေသူ အသက် ၆၃ နှစ်အရွယ် ဦးစိုးဝင်းနှင့်
အသက် ၂၃ နှစ်အရွယ် ကိုကျော်မျိုးသူတို့ကို ပစ်ဒဏ်ချမှတ်ခဲ့ခြင်း
ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
“ပဋိပက္ခ ဖြစ်နေချိန်မှာ အိမ်မှာပဲ ကျွန်မနဲ့အတူ ရှိနေတယ်။
သူထောင်ကျတော့ ကျွန်မတို့မိသားစု စားဝတ်နေရေး ဒုက္ခရောက်ပြီ၊ ကျွန်မမှာ
သမီး (၃) ယောက်နဲ့ စီးပွားရေး အဆင်မပြေလို့ ကလေးတစ်ယောက်မှ
ကျောင်းမတက်ရဘူး” ဟု အမိန့်ချခံရသူ ကျော်မျိုးသူ (၂၄) နှစ်၏ဇနီး မအေးသီတာက
ပြောကြားသည်။
ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဥက္ကံမြို့တွင်
ကိုရင်လေးနှင့် အမျိုးသမီးတစ်ဦး တိုက်မိပြီး ဆွမ်းသပိတ်ကျကာ အဖုံးကွဲရာမှ
စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း မီးလောင် ဖျက်ဆီးမှုများကြောင့် နေအိမ် ၈၁
လုံး၊ ဗလီတစ်လုံး ၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ဆိုင်ခန်း
၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ လူနှစ်ဦး သေဆုံးခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အဆိုပါ
ပဋိပက္ခကြောင့် ပနီပင်ကျေးရွာတွင် ၁၀ ဦး၊ ကျွဲပုန်းကြီးကျေးရွာမှ ရှစ်ဦး၊
ဗန္ဓုလရပ်ကွက် နှစ်ဦး၊ ဥယျာဉ်ကြီး ကျေးရွာတွင် နှစ်ဦး၊ မီးနင်းကန်ကုန်း
ကျေးရွာတွင် သုံးဦး အပါအဝင် လူ ၂၅ ဦး ဖမ်းဆီးခံထားရပြီး
ပုဒ်မအသီးသီးဖြင့် တိုက်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆို
ခံထားရကြောင်း တရားစွဲ ခံထားရသူများ၏ မိသားစုဝင် အချို့ထံမှ သိရှိရသည်။
From :
..the voice
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...