Pages

Monday, September 2, 2013

ပါကစ္စတန်တွင် အစ်ကိုဖြစ်သူက တစ်အိမ်တည်းနေ ညီမဝမ်းကွဲကို မိမိအား လက်ထပ်ခွင့် ငြင်းပယ်သည့်အတွက် သေနတ်ဖြင့်ပစ်သတ်"


ဆူမားရီးယားသည် ဗာဟူဒင် ဇာကီးရီးယား တက္ကသိုလ်၌ ရုက္ခဗေဒ ဘာသာရပ်ကို ဆည်းပူးနေသူဖြစ်ပြီး မူလတန်မြို့၌ သူမ၏ မိဘနှစ်ပါးနှင့်အတူ အမေဘက်မှတော်သော ဆွေမျိုးမိသားစုနှင့် တစ်အိမ်တည်း အတူနေသည်။

ဆူမားရီးယားအား တစ်အိမ်တည်းနေ အစ်ကိုဝမ်းကွဲဖြစ်သူ ၂၆ နှစ်အရွယ် မူဟာမက် အာဆစ်မှ သူမ၏ မိဘများမှတစ်ဆင့် လက်ထပ်ခွင့် တောင်းဆိုခဲ့သည်။ သို့သော် မောင်နှမချင်း ဖြစ်သည့်အတွက် ဆူမားရီးယားမှ ငြင်းဆိုခဲ့သည်။


ဆူမားရီးယားက ငြင်းပယ်လိုက်သည့်နောက်ပိုင်း အာဆစ်မှ သူမအား တစ်ပတ်တိုင်အောင် ခြိမ်းခြောက်နေခဲ့သည်။

ဆူမားရီးယားက မိဘများအား အကျိုးအကြောင်း ဖွင့်ပြောပြပြီး အဆောင်ပြောင်းနေချင်ကြောင်း တိုင်ပင်ခဲ့သေးသော်လည်း မိဘများက ပိုက်ဆံမတတ်နိုင်သဖြင့် ဆွေမျိုးအိမ်၌သာ ဆက်လက်နေထိုင်ရန် နားချခဲ့သည်။

သြဂုတ်လ ၂၇ ရက်၊ အင်္ဂါနေ့ ညနေပိုင်းက ဆူမားရီးယား အတန်းပြီး၍ အိမ်ပြန်လာစဉ် အာဆစ်က အိမ်ပေါက်ဝမှ ဆီးစောင့်၍ သူမ၏ ဆုံးဖြတ်ချက်အား ပြောင်းလဲရန် ခြိမ်းခြောက်ခဲ့သည်။ သို့သော် ဆူမားရီးယားက ပြောင်းလဲရန် ငြင်းဆိုခဲ့သည်အတွက် အာဆစ်က သူမအား သေနတ်ဖြင့် ခြောက်ချက် ပစ်သတ်လိုက်ရာ နေရာတွင် သေဆုံးသွားခဲ့သည်။

http://tribune.com.pk/story/596622/i-dont-man-kills-cousin-for-refusing-to-marry-him/

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...