မြန်မာ့ သမိုင်းကြောင်း
တွင် လည်းကောင်း
၊ ရေတပ်မတော် ၏ အခန်းကဏ္ဍ တွင် လည်ကောင်း မေယုအမည် ရှိ စစ်ရေယာဉ်သည် အခန်းကဏ္ဍ
တစ်ခုတွင်
ထင်ရှား ပါဝင်ခဲ့သဖြင့် မြန်မာနိုင်ငံ သားတို့ အမြဲအမှတ်ရ နေသည့် အမည်နာမ
ဖြစ်သည်။
ယခုသော အခါများစွာသော တာဝန်များ ထမ်းဆောင်ခဲ့ပြီး တာဝန်ကျေပြီ ဖြစ်သည့်
မေယုစစ် သင်္ဘောကြီး
အား သီလဝါရှိ ရေတပ်တွင် ထိန်းသိမ်း စောင့်ရှောက် ထားလျက် ရှိကြောင်း
သိရသည်။
၁၉၄၇ခုနှစ် ၊ မေ ၂၅
ရက်တွင် ရန်ကုန်
မြစ်လယ်၌ ဗြိတိသျှ ရေတပ်မတော် မှ မြန်မာပြည် အပျော်တမ်း အရန် ရေတပ်သို့
ဖရီးဂိတ် စစ်ရေယာဉ် HMS. Fal အား လွှဲပြောင်း ပေးအပ်ခဲ့ရာ ၄င်း အခမ်းအနား
သို့ ဗိုလ်ချုပ် အောင်ဆန်း တက်ရောက်
လက်ခံ၍ မိန့်ခွန်း ပြောကြား ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းက ဖားလ်သင်္ဘောမှာ
စစ်အတွင်းက
အမှုထမ်း ခဲ့သည့်အပြင် ရခိုင်ပြည် မေယု တစ်လျောက် မြန်မာ့ တပ်မတော် သားများ
ဂျပန်အား
နှိမ်နှင်းခဲ့ သည်ကို မမေ့နိုင်သည့် အတွက် အမည်နာမ ထင်ရှား စေရန် မေယု ဟု
အမည်ပေး လိုက်ကြောင်း
၊ ထို့အတွက် မိမိသည် မြန်မာလူမျိုး အနေဖြင့် ဂုဏ်ယူ ကြောင်းဖြင့် ယင်း
အခမ်းအနား ၌မိန့်ကြား
ခဲ့သည်။
စစ်ရေယာဉ် မေယု၏
စစ်ရေယာဉ်မှူး အဖြစ်
မေယု တိုက်ပွဲစဉ် များတွင် စွမ်းစွမ်းတမံ ပါဝင်ခဲ့သော ဗိုလ်မှူး
ခင်မောင်ဘို မှ လွှဲပြောင်း
ယူခဲ့သည်။ ထိုအခမ်းအနား တွင် ရေတပ် ထုံးစံအရ ရေယာဉ် ပိုင်ဆိုင်သော
နိုင်ငံ၏ရေတပ် အလံကို
လွှင့်ထူ ရသည်ဖြစ်၍ ရေယာဉ် ဦးပိုင်းရှိ ဗြိတိသျှ ရေတပ်အလံ အားချ၍
မြန်မာနိုင်ငံ ဘုရင့်
အပျော်တမ်း အရန် ရေတပ် အလံအား လွှင့်ထူခဲ့သည်။ သမိုင်းတွင် သည့် စစ်ရေယာဉ်
မေယုတွင်
ဗိုလ်မှူး ခင်မောင်ဘို ၊ ဗိုလ်မှူး ခင်ဖေကြီး ၊
ဗိုလ်မှူး ကျော်ဇော ၊ ဗိုလ်မှူး ယော ၊ ဗိုလ်မှူး ဘရိုနီ ၊ ဗိုလ်မှူး
ချစ်စိန်
၊ ဒုဗိုလ်မှူးကြီး သီဟသူရ ထွန်းတင် ၊ ဗိုလ်မှူး ဂျေအက်စ်ဘွန်း ၊
ဒုဗိုလ်မှူးကြီး ခင်မောင်မြင့်(၁)
၊ ဒုဗိုလ်မှူးကြီး ခင်မောင်ချို ၊ ဒုဗိုလ်မှူးကြီး ညွန့်အောင် ၊
ဒုဗိုလ်မှူးကြီး မောင်မောင်ကြီး
၊ ဒုဗိုလ်မှူးကြီး သက်လွင် ၊ ဒုဗိုလ်မှူးကြီး
မင်းလွင် တို့က လွှဲပြောင်း ယူခဲ့သည့် ၁၉၄၇ ခုနှစ် ၊ မေ ၂၅ ရက်မှ ၁၉၇၆ခုနှစ်
၊ စက်တင်ဘာ
၉ ရက်နေ့ထိ တာဝန်ယူ ထမ်းဆောင်ခဲ့ ကြသည်။
မြန်မာနိုင်ငံ ၏
ကမ်းရိုးတန်း သည် ၁၃၈၅
မိုင် ရှည်လျားပြီး စုစုပေါင်း ပိုင်ဆိုင်သော မြန်မာ့ ပင်လယ်ပြင် အကျယ်
အဝန်း ဧရိယာမှာ
၁၄၁၂၁ဝ စတုရန်းမိုင် ဖြစ်သည်။ မြန်မာနိုင်ငံ ၏ ကုန်းမြေ ဧရိယာ ၂၆၁၂၂၈
စတုရန်းမိုင်
နှင့် နှိုင်းယှဉ်ပါ က ကုန်းမြေ ဧရိယာ၏ တစ်ဝက်ခန့် ရှိရေပြင် ဧရိယာအား
ပိုင်ဆိုင်သည့်
ကမ်းရိုးတန်း နိုင်ငံ ဖြစ်သည်။ မြန်မာ့ ပင်လယ်ပြင် တွင် ကမ်းနီး ကမ်းဝေး
ကျွန်းများ
၊ ကျွန်းစုများ ၊ ဆိပ်ကမ်း ကောင်းများ ၊ ပင်လယ်အော်များ ၊ ကမ်းခြေ
ကောင်းများဖြင့် ပြည့်စုံလျက် ရှိသည်။ သဘာဝ ဓာတ်ငွေ့နှင့် ကမ်းလွန်
ရေနံများ ၊ သတ္တု ၊ ပုလဲ ၊ ကျွန်းသစ် စသည့် ရေပေါ် ရေအောက် သဘာဝ သယံဇာတ
ပစ္စည်းများ ပြေါ<ွကယ်ဝသည့်
အပြင် မြန်မာ့ ပင်လယ်ပြင်သည် ဒေသတွင်း ကုန်စည် စီးဆင်းမှု ရေလမ်းကြောင်း ကို
စိုးမိုးလျက်
ရှိသည့် အချက်အချာ နေရာတွင် တည်ရှိ နေသည်။
ထိုကဲ့သို့သော သဘာဝ
သယံဇာတ များဖြင့်
ပြည့်လျှန်း နေသည့် အမိနိုင်ငံတော် အတွက် မြန်မာ့ တပ်မတော် ရေနှင့် အတူ
စစ်ရေယာဉ် မေယုသည်
ကြီးလေးသော တာဝန်များကို ထမ်းဆောင် ခဲ့လေသည်။ ယခုသော အခါတွင် တာဝန်ကျေ
အနားယူ နေသည့်
စစ်ရေယာဉ် မေယုသည် နောင်လာ နောက်သားတို့ အား အတိတ်က သမိုင်းကြောင်း
ပုံရိပ်များကို
ပြန်ပြောပြ နေသယောင်ဖြင့် သီလဝါ ရေတပ်တွင် မူလလက်ရာ မပျက်တည်ရှိ နေလေသည်။
ခေတ်လူငယ်တို့
အနေဖြင့် အတိတ်က အမိနိုင်ငံ၏အခြေအနေ ၊ လွတ်လပ်ရေး အတွက် အဘယ်သို့
တိုက်ပွဲဝင်ခဲ့ ရသည်
၊ တိုင်းပြည် အတွက် မည်သို့ မည်ပုံ ပေးဆပ် ခဲ့ရသည် စသည့် မိမိနိုင်ငံ
၏ရာဇဝင် သမိုင်းကြောင်း
တစိတ် တစ်ပိုင်း ကိုသိရှိစေရန် တစ်ခါ တစ်ခေါက်ဖြင့် သွားရောက် လေ့လာသင့်
ပေသည်။ လွတ်လပ်ရေး
၏ တန်ဖိုး မည်မျှ ကြီးမားကြောင်း လွတ်လပ်ရေး ဆုံးရှုံးခဲ့ရချိန် တွင်နေခဲ့ရ
သည့် သက်ကြီး
ရွယ်အိုတို့ အားလုံး သိကြသည်။ လွတ်လပ်ရေး သည်ပထမ ၊ လွတ်လပ်ရေးသည် ဒုတိယ ၊
လွတ်လပ်ရေး
သည် တတိယ ဆိုသည်မှာ အလကား မဟုတ်ပေ။ ရှိခြင်း၏ တန်ဖိုးကို မရှိမှ သိရသည့်
သဘော ဖြစ်သည်။
ပြောသလောက် မလွယ်ဘဲ အသက်ပေါင်း မြောက်များစွာ ၊ ဒုက္ခပေါင်း အသင်္ချေ နှင့်
သောက မျက်ရေ
ပင်လယ်ဝေပြီးမှ ပြန်လည် ရရှိခဲ့သည့် အတွက် လွတ်လပ်ရေး ကိုတန်ဖိုး ထားတတ်ကြ
စေရန် မြန်မာ့
သမိုင်းထဲက သက်မဲ့ စစ်ရေယာဉ် မေယုက အသင်တို့အား အမှာစကား အကြုံပါး
ပေလိမ့်မည်။
ကျော်ကိုကို(ကိုကိုကျွန်း)
MWD
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...