အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့
သမ္မတနိုင်ငံတွေကို သွားရောက်ဖို့အတွက် ဒီနေ့ညနေမှာ ရန်ကုန်အပြည်ပြည်
ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ
ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်း ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ
စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမယ့် Forum 2000
ဖောင်ဒေးရှင်း ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။
ဒါ့အပြင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်အပြီး စက်တင်ဘာလ၂၀ ရက်နေ့မှာ
စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် The Singapore Summit Connecting Asia &
The World ညီလာခံကို တက်ရောက်မှာဖြစ်သလို စင်္ကာပူနိုင်ငံမှာရှိနေတဲ့
မြန်မာမိသားစုတွေနဲ့ လည်း တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်အဖြစ်
ပိုလန်၊ ဟန်ဂေရီနှင့်
ပါရာဂွေးနိုင်ငံများသို့ ယနေ့ည (၇း၃၀) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်မှ စတင်ထွက်ခွာပြီး စက်တင်ဘာလ (၁၆) ရက်နေ့တွင် မြန်မာနိုင်ငံသို့
ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
www.MyanmarExpress.net

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...