Pages

Monday, September 23, 2013

ရုပ်မြင်သံကြား အစီအစဉ်များတွင် ပါဝင်ချင်သောကြောင့် မိမိကိုယ်ကိုယ် သတ်သေ

ချန်လန် ဆိုသူသည် ငယ်ရွယ်စဉ် ကတည်းက အလွန်ဝါသနာ ပါသော အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ရုပ်မြင်သံကြား များတွင် မင်းသားများကို ထုတ်လွှင့်ပြသ ပေးသကဲ့သို့ မိမိ၏ ရုပ်ကိုလည်း မြင်တွေ့ရရန် ဖြစ်ပါတယ်။ တကယ်တော့ မင်းသားဖြစ်ချင် တယ်ဆိုပါတော့။

 ၎င်းဟာ သူ၏ ဝါသနာကို ဘယ်လိုမှ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိပါဘူး။ နှစ်တွေ အတော်ကြာ စဉ်းစား ခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ မိမိကိုယ်ကိုယ် သတ်သေတဲ့ ပုံကို ဗီဒီယို ရိုက်ခဲ့တယ် ဆိုပါတော့။

 ဒါကြောင့် သူ၏ ဗီဒီယိုဟာ ရုပ်မြင်သံကြားတွင် သာမက အွန်လိုင်း မဂ္ဂဇင်း စေသာ နေရာများကိုပါ ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။ ကံဆိုးတာက သူဖြစ်ချင်တာကို ဖြစ်သွားခဲ့ပေမယ့် သူကိုယ်တိုင် မကြည့်ရှုနိုင်ခဲ့တာပါ။

 သူ၏ သေတမ်းစာမှာ အခုလို ရေးသာထားတာကို တွေ့ရပါတယ်။ " ကျွန်တော် ငယ်စဉ်ကတည်းက နာမည် ကျော်ကြားတဲ့ မင်းသားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် မဖြစ်နိုင်တော့ပါဘူး။ အခု ကျွန်တော် ဗီဒီယိုမှာ သေချာစွာ သရုပ်ဆောင် မပြသ နိုင်ခဲ့တာကို ခွင့်လွှတ်ပေးပါ " လို့ ဆိုပါတယ်။

From: Kachin Daily News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...