Pages

Tuesday, September 24, 2013

“ မြန်မာစားသောက်ဆိုင်တစ်ဆိုင်တွင် အန္တရာယ်ကင်းပရိတ်ရွတ်စဉ် ပရိတ်ရေများ ဆူပွက်လာ ”

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည်နယ် San Gabriel ရှိ
အမှတ် 927 E. Las Tunas Dr. (ate J&K) တွင် မစုစုဝင်း
ဖွင့်လှစ် ထားသော Fuji West Japanese & Myanmar
Restaurant သို့ စက်တင်ဘာ ၁၈ရက် မွန်းလွဲ ၂နာရီတွင်
မေတ္တာရှင်ရွှေပြည် သာဆရာတော် အရှင်ဇဝနကြွ ရောက်၍
အန္တရာယ်ကင်းပရိတ် ရွတ်စဉ် ဖန်ချိုင့်အတွင်းထည့်ထား သော
ပရိတ်ရေများ ထူးထူးခြား ခြား ဆူပွက်လာသော အံ့ဖွယ်ဖြစ်
ရပ်တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း မေတ္တာ ရှင်ဖောင်ဒေးရှင်းမှ သိရသည်။

မေတ္တာရှင်ဆရာတော်က အမေရိကန်နိုင်ငံသို့ နိုင်ငံခြား သာသနာ
ပြုခရီးကြွရောက်စဉ် အ ဆိုပါစားသောက်ဆိုင်သို့ ကြွ ရောက်ကာ
အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ရာမှ ပရိတ်တော် အစွမ်းကြောင့်
ယခုကဲ့သို့ ဖန်ချိုင့် ထဲရှိပရိတ်ရေများ ပွက်ပွက်ဆူလာ ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။

''ဆရာတော်ရဲ့သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေနဲ့ မေတ္တာ
အစွမ်းတွေကြောင့် အခု လို ပရိတ်ရေဆူတာလို့ ယုံကြည် ပါတယ်။
အရင်တုန်းကလဲ တောင် တန်းသာသနာပြုဆရာတော်ကြီး ရဲ့ပရိတ်
ရေဆူတာ တွေ့ခဲ့ဖူးတယ်။ နိုင်ငံရပ်ခြားမှာ ပရိတ်တရားတော် ရဲ့
တန်ခိုးအစွမ်းကို မျက်မြင်မြင်ရ တဲ့အတွက် ဝမ်းမြောက်မိတယ်''
ဟု အမေရိကန်ရောက် မြန်မာ မိတ်ဆွေတစ်ဦးက ပြောသည်။

ဆရာတော်သည် နိုင်ငံခြား သာသနာပြုခရီးစဉ်အတွင်း အ မေရိကန်
နိုင်ငံရောက် မြန်မာပြည် သူ၊ ပြည်သားများအား တရား တော်များ
ဟောကြားပေးခဲ့ပြီး စက် တင်ဘာ ၂၃ရက်တွင် မြန်မာ နိုင်ငံသို့
ပြန်လည်ကြွရောက်လာ ပြီဖြစ်ကြောင်း သိရသည်။ဆရာတော်သည်
သာသ နာပြုလုပ်ငန်းများအပြင် မေတ္တာ ရှင်ဖောင်ဒေးရှင်းကို
တည်ထောင် ၍ သံဃာတော်များအား ဆွမ်း ကပ်လှူခြင်း၊ အနာကြီး
ရောဂါ သည်များအား စောင့်ရှောက်ခြင်း၊ အမှန်တကယ်ဆင်းရဲချို့တဲ့
နွမ်း ပါးသူများအား ကျန်းမာရေး၊ ပညာ ရေးများ ကူညီပေးခြင်း
များကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

  Yangon Media Group
 AP.NewsLover

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...