Pages

Tuesday, September 3, 2013

နောက်ထပ် ခေတ်သစ် အဇာတသတ်

တလောကပဲ ဧရာဝတီက မြန်မာပြည်က ခေတ်သစ် အဇာတသတ် ဆိုပြီး အဖသတ် သားတဦးအကြောင်း
ဖော်ပြ ခဲ့ပါသေးတယ်။ တခါ မနေ့လည်း ဖခင်က သားဖြစ်သူကို ခြေဖ၀ါး ဓားခွဲ ဆားသိပ် ဆုံးမခဲ့တာဖော်
ပြ ခဲ့ ပါတယ်။

အခုလည်း နောက်ထပ် ခေတ်သစ် အဇာတသတ် ဇာတ် တခု လာပြန်ပါပြီ။ ယနေ့ ရန်ကုန် ရဲဌာန
ဖေ့စ်ဘုတ် သတင်းတပုဒ်မှာ သားဖြစ်သူမှစိတ်ဖေါက်ပြန်ပြီး တုတ်ဖြင့်ရိုက်နှက်သဖြင့် ဖခင်သေဆုံး
ဆိုပြီး ဖော်ပြလာပြန်ပါတယ်။

ဒီလို ဖြစ်ပျက်မှုတွေက တကယ့်ကို စိတ်မကောင်းစရာပါ။ အခု နောက်ထပ် ဖြစ်ပျက်ခဲ့တဲ့ အဖသတ်
သား ဖြစ်စဉ်ကို ရန်ကုန်တိုင်း ရဲက ဖော်ပြထားတဲ့အတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

၂.၉.၂၀၁၃ ရက်နေ့ ၂၃၅၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနေ ဒေါ်သန်းရီသည် နေအိမ် အိပ်ခန်း
အတွင်း အိပ်ပျော်နေစဉ် အိမ်ရှေ့ဧည့်ခန်းမှ ဆူညံသံများကြား၍ထကြည့်ရာ သားငယ်ဖြစ်သူ ဇော်သူရိန်
(၃၈)နှစ်၊ (ဘ)ဦးအေးကြူ မှာ စိတ်ဖေါက်ပြန်ပြီး သစ်သား တုတ်ဖြင့် သမီးဖြစ်သူမမေဇော် အားရိုက်နှက်
ခဲ့၍ လဲကျသွားစဉ် ခင်ပွန်းဖြစ်သူ ဦးအေးကြူအား ဆက်လက်ရိုက်နှက်နေသဖြင့် သားကြီးဖြစ်သူ ကိုဇော်
မျိုးအေး မှ ၀င်ရောက်ဆွဲရာ ကိုဇော်မျိုးအေးအား ထပ်မံရိုက်နှက်ပြီး နေအိမ်မှ ထွက်သွားခဲ့သည်ကိုတွေ့
ရှိခဲ့ရပါ သည်။

ထိုသို့ရိုက်နှက်ခဲ့သဖြင့် မမေဇော်နှင့်ကိုဇော်မျိုးအေးတို့တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ဦးအေး
ကြူ မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် သားဖြစ်သူ ဇော်သူရိန် အား အရေးယူပေးပါ
ရန် မိခင်ဖြစ်သူမှတိုင်တန်းခဲ့၍ သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၂၇၇/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၅ ဖြင့် အရေးယူခဲ့
ကာ ဇော်သူရိန်အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဒီလို အဖြစ်မျိုးတွေ မြန်မာပြည်မှာ ဘာကြောင့် ဖြစ်နေရတယ်ဆိုတာ စဉ်းစားမရနိုင်ပါဘူး။

အိမ့်သံစဉ် ~

The Irrawaddy's Blog by အိမ့်သံစဉ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...