ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကမှာ
ခေတ်စားလာတာကတော့ သူပုန်တွေရဲ့အခန်းကဏ္ဍပဲဖြစ်နေပါတယ်။
သူပုန်ဆိုတာဒီကနေ့မှပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ပြောရယင်မြန်မာပြည်မှာ
တစ်ပါတီအာဏာရှင်စနစ်မကျင့်သုံး ခင်ကတည်းက သူပုန်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ။
လွတ်လပ်ရေးရပြီး ဦးနုခေတ်မှာဆိုရင် ရောင်စုံသူပုန်..ရန်ကုန်အစိုးရ
ဆိုပြီးခေါ်ဝေါ်သမုတ်ခဲ့တာပါ။ လွတ်လပ်ရေးရပြီးစကာလက မြန်မာပြည်မှာ
ဗမာလူမျိုးကြီးဝါဒတို့၊ တိုင်းရင်းသားတွေ
တန်းတူရည်တူရှိရေးတို့ဆိုတဲ့စကားလုံးတွေလဲမပေါ်သေးပါဘူး။
ဒါပေမယ့်သူပုန်ဆိုတာကတော့ပေါ်နေပါပြီ။ အချို့က ဦးနုကိုအပြစ်ပြော
အပုတ်ချချင်လို့ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့
ကချင်သူပုန် တွေပေါ်လာတာဆိုပြီးပြောဆိုကြပါတယ်။
ဒါကလျှောက်ပြောတာပါ။
ဗုဒ္ဓဘာသာ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်တာ ဘယ်သူမှ
ထိခိုက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီခေတ်မှာ အီရန်သမ္မတဖြစ်တဲ့သူတောင် သူတို့ရဲ့
ဘာသာရေးခေါင်းဆောင်ကြီးဆီမှာ
ကျမ်းသစ္စာကျိန်ဆိုရတာပါပဲ။သူတို့တွေလက်နက်ကိုင်ချင်တာနဲ့ဗုဒ္ဓဘာသာကိုအကြောင်းပြလိုက်တာပါပဲ။အခုထက်ထိလဲအကြောင်းပြ
ကောင်းနေကြဆဲပါပဲ။ လူမျိုးရေးတန်းတူရည်တူရှိမှု၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှုကနေအခုတော့ ဖွဲ့စည်းပုံ
အခြေခံဥပဒေအသစ်တစ်ခုရေးဆွဲဖို့ အထိလုပ်ဆောင်လာနေပါတယ်။ ပြောချင်တာက
အစိုးရဘက်က တစ်ခုပေးလိုက် ရင် သူတို့က နှစ်ခုလိုချင်တယ်။
အစိုးရကနှစ်ခုပေးရင် သူတို့ကလေးခုလိုချင်ပါတယ်။
အခုလဲ
နိုင်ငံတော်သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင်က
တစ်ဦးအပေါ်တစ်ဦးချစ်ကြည်လေးစားတဲ့
စိတ်ဓာတ်နဲ့သူပုန်ခေါင်းဆောင်အချို့ကိုခေါ်ယူတွေ့ဆုံ၊
ရင်းရင်းနှီးနှီးပြောဆိုကြတာတွေလုပ်ကြပါတယ်။ ဒီလိုမျိုး လုပ်ဆောင်တာတွေအပေါ်
သူပုန်တွေဘက်ကဘယ်လိုသုံးသပ်သလဲဆိုရင် သူတို့ဟာအရမ်းကိုအရေးပါလာလို့
အစိုးရခေါင်းဆောင်တွေကိုယ်တိုင်က ဒီလိုမျိုးအလျော့ပေးလာတာလို့မြင်ကြပါတယ်။
အဲလိုမျိုးမြင်အောင် ဘေးတီး ပေးတဲ့သူတွေကလဲ ပေးကြလို့သာ အခုဆိုရင်သူပုန်တွေ
စုပေါင်းပြီး ဖွဲ့စည်းပုံပြင်ဆင်ဖို့အထိလုပ်ဆောင်နေပါပြီ။
ဒါဟာငြိမ်းချမ်းရေးကိုပျက်အောင်
တစ်ဖက်လှည့်နဲ့လုပ်နေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံထဲမှာ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေသတ်မှတ်ပေးထားပြီး
တိုင်း/ပြည်နယ်အလိုက် ၀န်ကြီးချုပ်တွေခန့်ထားပေးပြီးဖြစ်ပါတယ်။
အမှန်ကန်ဆုံးစကားပြောရယင်လက်နက်မကိုင်တော့ဘဲ တိုင်းရင်းသား လူမျိုးတွေ
အလိုက်ပြောချင်တာတွေလွှတ်တော်မှာ ပြောလို့ဆိုလို့ရနေပါပြီ။ကချင်မှာဆိုရင်လဲ
ဒေါ်ဒွဲဘူ၊ ရှမ်းမှာဆိုရင် ဒေါ်နန်းဝါနု
အစရှိသဖြင့်တိုင်းရင်းသားတွေအများကြီးပါ။ ဒီခြားထဲမှာ
လူမျိုးစုအလိုက်ဝန်ကြီး တွေလဲ ရှိနေပါတယ်။
ကိုယ်ဒေသကိုယ့်လူမျိုးတွေအုပ်ချုပ်ခွင့်အတွက် ပထမခြေလှမ်းဟာ ၂၀၀၈ခုနှစ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီး သားပါ။
အစိုးရဘက်ကအလျော့ပေးတာတွေများလေလေ
သူပုန်တွေကနင်းလေလေဆိုတာ ဒီခေတ်ကျမှ ဖြစ်ခဲ့တာ
မဟုတ်ပါဘူး။သူတို့ခေတ်တုန်းကတည်းကရှိခဲ့တာလို့ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးကပြောဆိုပါတယ်။
ဟိုခေတ်တုန်း
ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တုန်းကလဲဒီလိုပါပဲ။မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေတောင်းဆိုမယ်..။အစိုးရဘက်က
မပေးနိုင်ရင်၊
မလိုက်လျောနိုင်ရင်တော့အစိုးရကငြိမ်းချမ်းရေးကိုလိုလားမှုမရှိဘူးဆိုပြီး
သတင်းလွှင့်တော့တာပါပဲ။ အခုလဲ ဖွဲ့စည်းပုံအသစ်ရေးဆွဲတယ်ဆိုတာ
မသိမသာစင်ပြိုင်အစိုးရတစ်ရပ်ထူထောင်လိုက်တာပါပဲလို့ ၀ါရင့်နိုင်ငံရေး
သမားကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။
အဆုံးစွန်သော စကားပြောရရင်
ဗိုလ်ချုပ်အောင်ဆန်းမသေဘဲနဲ့ အုပ်ချုပ်နေလဲသူပုန်ဆိုတာရှိနေမှာပါပဲတဲ့။
ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်ပြီး ချမ်းသာနေတဲ့သူတွေက
လက်နက်ကိုင်တာကိုမစွန့်ချင်တော့တာမို့လို့ပြော
ရတာလို့သူကပြောပါတယ်။မြန်မာပြည်မှာဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဖြစ်လာရင်လဲသူပုန်ဆိုတာရှိနေမှာ
ပါပဲတဲ့။အလောင်းအစားလုပ်ရဲတဲ့သူရှိရင်တောင်လောင်းလိုက်ချင်ပါတယ်တဲ့။တကယ်တော့
လက်နက်ကိုင်သူပုန်အဖွဲ့ တွေဟာ သူတို့လူမျိုးတွေကို
ကိုယ်စားပြုတဲ့အဖွဲ့မဟုတ် ပါဘူး။ လူမျိုးတစ်မျိုးထဲမှာကို သူပုန်အဖွဲ့က
တစ်ဖွဲ့မက ရှိနေတာပါ။ ဒါကြောင့် သူပုန်ဆိုတာ သူပုန်ပါပဲလို့
ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ သုံးသပ်ချက်ကို တင်ပြလိုက် ပါတယ်။
..
www.MyanmarExpress.net
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...