Pages

Monday, September 9, 2013

လားရှိုးမြို့အထွက် ချောင်းရေကြီးသောကြောင့် သွားလာမှုခက်ခဲခဲ့ခြင်းအား တပ်မတော်သားများမှ ကူညီပေးခဲ့မှုအပေါ် ပြည်တွင်းမီဒီယာအချို့ နှာစေးနေ

လားရှိုးမြို့အထွက် AT    ချောင်းရေကြီးခြင်းကြောင့် ကုန်စည် စီးဆင်းမှုများ ပြတ်တောက် သွားခဲ့ကြောင်း သိရသည်။
မူဆယ်-မန္တလေး ကားလမ်းပေါ်ရှိ လားရှိုးမြို့ အထွက် AT ချောင်းရေကြီးခြင်းကြောင့်ကုန်စည် စီးဆင်းမှုများ ယနေ့   ပျက်တောက်သွားကြောင်း မြို့ခံများထံမှသိရသည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့်    အဆိုပါ   ချောင်းရေ မှာ   ယမန်နေ့ညက   ဆက်တိုက်မြင့်တက်လာပြီး တံတားကို ကျော်လွန်သွားသည့် အတွက် မူဆယ်-မန္တလေး သွားလာ သည့် ကားများ ဖြတ်သန်းနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။


 
အဆိုပါ ချောင်းရေလျှံ မှုကြောင့်  နက်ဖြန်ကျင်းပမည့်  လားရှိုး နည်းပညာ တက္ကသိုလ်စာမေးပွဲ ကို လည်းမြို့တွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းအမှတ်(၃) သို့ ပြောင်းလဲ ကျင်းပမည်ဟုလည်းသိရသည်။အဆိုပါ ချောင်းရေမှာ ယခုနှစ်အတွင်း စံချိန်တင်(၃)ကြိမ်မြောက်ရေကြီးခဲ့ကြောင်းလည်းသိရသည်။   ကျောင်းသားတွေ/လူနာတွေ /သက်ကြီးရွယ်အိုတွေ/   ခရီးသည်တွေကို  ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ကနေ လှေများဖြင့်   ကူညီပို့ဆောင်ပေးနေပါတယ်ဟု       မြို့ခံတစ်ဦးက Popular News သို့ပြောသည်။

သတင်း-ဓါတ်ပုံThaw Da Htaik From: Popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...