Pages

Sunday, September 8, 2013

ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် နိုင်ငံတကာအကြံပေးအဖွဲ့ ရွေးချယ်မည်

Photo: ။KYL
ရခိုင်ပြည်နယ်တွင် ဖော်ဆောင်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက်
ရင်းနှီးမြုပ်နှံသူများ ခေါ်ယူရာတွင် လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ
စံချိန်စံညွန်းများကို ရေးဆွဲရန်အတွက်
နိုင်ငံတကာအကြံပေးအဖွဲ့တစ်ခုကို
ရွေးချယ်သွားမည်ဟုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
" ဒီစီမံကိန်းက အစိုးရအချင်းချင်းလုပ်မဲ့ စီမံကိန်း မဟုတ်ဘူး ဒီတော့
ရင်းနှီးမြုပ်နှံသူတွေကို တင်ဒါခေါ်တဲ့အခါ နိုင်ငံတကာ စံညွန်းအတိုင်းဖြစ်အောင်
Terms of conditionတွေ terms of reference တွေကို ရေးဆွဲဖို့အတွက်
အတွေ့အကြုံရှိတဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ကို အရင်ရွေးရမယ် " ဟု ၄င်းကပြောသည် ။
အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့အတွက် တင်ဒါကို စက်တင်ဘာလ ၂၃ရက်နေ့တွင်
စတင်လက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တင်ဒါအောင်အဖွဲ့ကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည် ။
ထို့နောက် ကျော်ဖြူအထူးစီးပွားရေးဇုန်အတွက် ရင်းနှီးမြုပ်နှံမှု တင်ဒါကို
၂၀၁၃ ဒီဇင်ဘာလတွင် ခေါ်ယူကာ ၂၀၁၄ မတ်လတွင် တင်ဒါအောင် ကုမ္ပဏီအား ထုတ်ပြန်ကြေညာမည် ဖြစ်သည် ။
၂၀၁၄ ဧပြီလမှာ စီမံကိန်း စတင်အကောင်အထည်ဖေါ်မယ် ဟု
ဘဏ္ဏာရေးဒုဝန်ကြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့ ဒု ဥက္ကဌ ဦးမောင်မောင်သိမ်းက ပြောသည် ။

From : ..popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...